Pages

Monday, January 25, 2016

ရန်ကုန်တက္ကသိုလ်၌ ဇီဝဓာတုဗေဒနှင့် ဇီဝနည်းပညာ ဘာသာရပ်နှစ်ခုကို တိုးချဲ့ပို့ချနိုင်ရန် စီစဉ်



ရန်ကုန် ၊ ၂၅-၁-၂ဝ၁၆

ရန်ကုန်တက္ကသိုလ်၌ လက်ရှိပို့ချ နေသည့် မြန်မာ စာ၊ အင်္ဂလိပ်စာ ကဲ့သို့သော အထူးပြု ဘာသာရပ် ၂ဝ ကျော်သာမက ဇီဝဓာတုဗေဒနှင့် ဇီဝနည်းပညာ ဘာသာရပ် နှစ်ခုကို တိုးချဲ့ပို့ချ နိုင်ရန် စီစဉ်နေပြီး အဆင်ပြေစွာ ပို့ချနိုင်ရေးအတွက် သင်ရိုး ဆိုင်ရာများ ပြင်ဆင်လျက် ရှိကြောင်း ရန်ကုန် တက္ကသိုလ်  မှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။

ရန်ကုန်တက္ကသိုလ် ၌ မြန်မာစာ၊ အင်္ဂလိပ်စာ၊ ပထဝီဝင်၊ သမိုင်း၊ ဒဿနိက၊ စိတ်ပညာ၊ ဥပဒေပညာ၊ အရှေ့တိုင်းပညာ၊ နိုင်ငံတကာ ဆက်ဆံရေးပညာ၊ သင်္ချာ၊ မနုဿဗေဒ၊ ရှေးဟောင်း သုတေသန၊ ဓာတုဗေဒ၊ ရူပဗေဒ၊ ဘူမိဗေဒ၊ ကုန်ထုတ် ဓာတုဗေဒ၊ ကွန်ပျူတာ သိပ္ပံပညာ၊ နိုင်ငံရေးသိပ္ပံ၊ သတ္တဗေဒ၊ ရုက္ခဗေဒ၊ မြန်မာမှုပညာ၊ စာကြည့်တိုက်နှင့် သုတေသနပညာ စသည့် ဘာသာရပ်များ ပို့ချလျက် ရှိကြောင်း သိရသည်။

နိုင်ငံတကာ စံနှုန်းများနှင့် အညီပို့ချရန် အရေးကြီးသည့် အပြင် လက်တွေ့ လုပ်ငန်းခွင် တွင်လည်း ထိထိ ရောက်ရောက် ဆောင်ရွက်နိုင်ရေး အတွက် ပို့ချရန် လိုအပ်သောကြောင့် ဇီဝဓာတုဗေဒ (Biochemistry) နှင့် ဇီဝနည်းပညာ (Biotechnology) ဘာသာရပ် နှစ်ခုကိုထပ်မံ တိုးချဲ့ပို့ချနိုင်ရန် စီစဉ်ရခြင်း ဖြစ်ပြီး ဘာသာရပ် ကျွမ်းကျင်ဆရာ များနှင့် သင်ထောက်ကူ ပစ္စည်းများ ပြည့်စုံရန် လိုအပ်ကြောင်း အငြိမ်းစား ပါမောက္ခချုပ် တစ်ဦးက သုံးသပ်ခဲ့သည်။

လက်ရှိတွင် ရန်ကုန်တက္ကသိုလ် ၌ ဘွဲ့ကြိုနှင့် ဘွဲ့လွန်ကျောင်းသား စုစုပေါင်း ခြောက်ထောင်ကျော် တက်ရောက် ပညာသင်ကြား နေကြောင်း သိရသည်။ (၄၄၇)

မြ၀တီနေ့စဉ် ၊ စာ(၈)

No comments:

Post a Comment