Pages

Thursday, January 21, 2016

လာမည့် EITI လုပ်ငန်းစဉ်၌ ကဏ္ဍကြီးသုံးခု ထပ်မံတိုးချဲ့ထည့်သွင်း လုပ်ဆောင်မည်


ရန်ကုန် ၊ ၂၁-၁-၂၀၁၆

မြန်မာ့တွင်းထွက် သယံဇာတ တူးဖော်ရေး လုပ်ငန်းများ ပွင့်လင်းမြင်သာမှု ရှိရေး ဆောင်ရွက်ချက် တစ်ခုဖြစ်သည့် EITI လုပ်ငန်းစဉ်၌ မြန်မာ့သယံဇာတ များနှင့်ပတ်သက်၍ ပွင့်လင်းမြင်သာ တိုးတက်မှု ရရှိရေးအတွက် လုပ်ငန်းကဏ္ဍကြီး သုံးခုအား လာမည့် EITI လုပ်ငန်းစဉ်၌ ထည့်သွင်းရေးဆွဲ လုပ်ဆောင်သွားမည် ဖြစ်ကြောင်း ပြည်ထောင်စုအဆင့် သုံးပွင့်ဆိုင် ညွန့်ပေါင်းအဖွဲ့မှ အဖွဲ့ဝင် ကိုရဲသိမ်းဦး က ပြောသည်။

EITI လုပ်ငန်းစဉ်အတွက် ရေအားလျှပ်စစ် ကဏ္ဍ၊ သစ်တောကဏ္ဍ၊ ရေလုပ်ငန်းကဏ္ဍ စသည့်ကဏ္ဍ သုံးခုအား ထည့်သွင်း လုပ်ဆောင် သွားမည်ဖြစ်ပြီး ယင်းကဏ္ဍများနှင့် ပတ်သက်သည့် တန်ဖိုးပမာဏ၊ အကျယ်အဝန်း စသည့်အပိုင်း များအား ဆွေးနွေးမှုများ လုပ်ဆောင်သွားမည် ဖြစ်ကြောင်း သိရသည်။

ယခုကဲ့သို့ EITI အစီအစဉ်၌ ကဏ္ဍများအား တိုးချဲ့ထည့်သွင်း ထားခြင်းဖြင့် ကဏ္ဍများ၌ ရှိသည့် အချက်အလက် များနှင့် သက်ဆိုင်သော အချက်အလက် အခြေခံကောင်းများ ရရှိပြီး ပိုမိုအကျိုးဖြစ်ထွန်း စေမည် ဖြစ်ကြောင်း သိရသည်။

ယခုကဲ့သို့ EITI ကဏ္ဍတွင် ထည့်သွင်း လုပ်ဆောင်သွားမည့် ကဏ္ဍသုံးခု၌ လက်ရှိ သစ်တောကဏ္ဍမှာ ဥရောပသို့ တရားဝင် သစ်ရောင်းဝယ်နိုင် မှုများ လုပ်ဆောင်ထားရှိပြီး ဖြစ်၍ အခြေခံကောင်းများ ရရှိထားပြီး အဆင်သင့် ရှိနေသော အနေအထား ဖြစ်ကြောင်း သိရသည်။

လက်ရှိ EITI လုပ်ငန်းစဉ်၌ ရေနံနှင့် သဘာဝဓာတ်ငွေ့ကဏ္ဍ၊ သတ္တုကဏ္ဍ၊ ကျောက်မျက်နှ င့် ကျောက်စိမ်းကဏ္ဍ ဟူ၍ ကဏ္ဍကြီးများအား ပါဝင် ထည့်သွင်း လုပ်ဆောင်ထားရှိမည် ဖြစ်သည်။ အဆိုပါကဏ္ဍ များကို လည်း ကျယ်ပြန့်စွာ လုပ်ဆောင်နိုင်ရန် စီစဉ်ဆောင်ရွက် သွားကြမည် ဖြစ်ကြောင်း သိရသည်။

EITI လုပ်ငန်းစဉ်သည် တွင်းထွက် သဘာဝသယံဇာတ များနှင့် ပတ်သက်၍ အရေးယူ ဆောင်ရွက်ပေး နေသည့် လုပ်ငန်းမျိုး မဟုတ်ကြောင်း၊ သို့ရာတွင် တွင်းထွက် သယံဇာတများနှင့် ပတ်သက်၍ လက်ရှိဖြစ်ပေါ် နေသော ဖြစ်စဉ်များအား လမ်းပြနိုင်သည့် ကဏ္ဍတစ်ရပ်မျိုး ဖြစ်ကြောင်း သိရသည်။

သို့ဖြစ်ရာ EITI ကဏ္ဍများ၌ ပါဝင် လုပ်ဆောင်ခြင်းဖြင့် မူဝါဒရေးဆွဲရေး နှင့်ပတ်သက်၍ လုံလောက်သော အချက်အလက် များအား တစ်ဖက်တစ်လမ်းမှ ပံ့ပိုးပေးနိုင်သော နေရာတစ်ခု ဖြစ်ကြောင်း သိရသည်။

မြ၀တီနေ့စဉ် ၊ စာ(၄)

No comments:

Post a Comment