Pages

Thursday, January 21, 2016

Application Expo 2016 တွင် Application ပြိုင်ပွဲကိုပါ ထည့်သွင်းကျင်းပသွားမည်


ရန်ကုန် ၊ ၂၁-၁-၂၀၁၆

Application Expo 2016 ပြပွဲတွင် နည်းပညာရှင်များနှင့် ဝက်ဘ် တီထွင်သူများ အတွက် Application ပြိုင်ပွဲတစ်ခုကို ထည့်သွင်းကျင်းပ ပေးသွားမည် ဖြစ်ကြောင်း သိရသည်။

အဆိုပါ Application Expo 2016 ပြပွဲကို MICT Park ၌ ဖေဖော်ဝါရီ ၂၅ ရက်နှင့် ၂၆ ရက်တို့တွင် ကျင်းပသွားမည် ဖြစ်ပြီး ယခုနှစ်ပြပွဲသည် လေးကြိမ်မြောက် ကျင်းပခြင်း ဖြစ်သည်။ ယခုနှစ်ပြသသည့် ပွဲ၌သာ Application ပြိုင်ပွဲကို ထည့်သွင်း ကျင်းပခြင်း ဖြစ်ကြောင်း သိရသည်။

''အဓိက ရည်ရွယ်ချက် ကတော့ မိုဘိုင်းလ်ဖုန်း သုံးစွဲသူတွေ မြင့်တက်လာသလို ဆော့ဖ်ဝဲလ်ပိုင်း ကိုလည်း ဈေးကွက်မြင့် လာစေချင်တယ်။ ပုံမှန်ကတော့ ပြည်သူတွေ အသိပညာ တိုးပွားအောင် လုပ်ပေးတဲ့ သဘောပါ။  နောက်ပိုင်းမှာ နိုင်ငံတကာက ကုမ္ပဏီတွေပါ ဝင်ရောက်ပြသ နိုင်အောင်ကြိုးစား နေပါတယ်။ လက်ရှိမှာ အခန်းအရေအတွက် အကန့်အသတ် ရှိတော့ ပြည်တွင်းဈေးကွက် ကိုပဲ အဓိကထား ပါတယ်။

ထူးခြားမှုအနေနဲ့ ကတော့ ဒီနှစ်မှာ Application ပြိုင်ပွဲတစ်ခုကို လူငယ်ပညာရှင်တွေ အတွက် ရည်ရွယ်ပြီး ထည့်သွင်းပေးထား ပါတယ်''ဟု ပြပွဲစီစဉ်သူ ကိုဇော်ဇော်မျိုးလွင် က ပြောသည်။

အဆိုပါပြပွဲတွင် နည်းပညာ နယ်ပယ် အတွင်းမှ စွန့်ဦး တီထွင်သူများ၊ နည်းပညာ လုပ်ငန်းနှင့် စီးပွားရေးလုပ်ငန်း စတင်လုပ်ကိုင် မည့်သူများ ပါဝင်မည်ဖြစ်ပြီး လုပ်ငန်းပေါင်း ၂၅ ခုကျော်မှ ပြခန်းပေါင်း ၃ဝ ကျော် ဝင်ရောက်ပြသ ကြမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါပြပွဲတွင် နည်းပညာ ထုတ်ကုန်ရှိပြီး ပြပွဲတွင် ဝင်ရောက်ပြသရန် အခက်အခဲရှိ နေသူများကိုလည်း အခမဲ့ပြသ နိုင်ရန် ယခင်နှစ်များ အတိုင်း စီစဉ်ပေး ထားကြောင်း သိရသည်။

မြ၀တီနေ့စဉ် ၊ စာ(၄)

No comments:

Post a Comment