Pages

Friday, January 15, 2016

ကျောင်းသား ကျောင်းသူ နှစ်သောင်းကျော်ကို Connet to Learn အစီအစဉ်ဖြင့် သင်ကြားပေးမည်


ရန်ကုန် ၊ ၁၅-၁-၂၀၁၆

Ericsson (NASDAQ: ERIC) အစီအစဉ်မှ မြန်မာနိုင်ငံရှိ ကျောင်းသား၊ ကျောင်းသူ ၂၁ဝဝဝ အား ၂ဝ၁၇ ခုနှစ် နှစ်ဦးပိုင်းတွင် ဂဏန်းသင်္ချာ တွက်ချက်မှု ဆိုင်ရာ သင်ကြားပေးခြင်း၊ ဒေသသုံး ဘာသာစကားနှင့် အင်္ဂလိပ် ဘာသာစကား တို့ကို သင်ကြားပေး သွားမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ သင်ကြားမှုနှင့် ပတ်သက်သည့် စာနယ်ဇင်း ရှင်းလင်းပွဲကို ယမန်နေ့ နံနက် ၁ဝ နာရီက ရန်ကုန်မြို့ ဆူးလေ ရှန်ဂရီလာ ဟိုတယ်၌ ကျင်းပခဲ့ပြီး Connect to Learn က သင်ကြားမှု လုပ်ငန်းများ ဆောင်ရွက်နိုင်ရန် ၂ဝ၁၅ ခုနှစ်မှစတင်၍ ကျောင်းသား၊ ကျောင်းသူများကို သင်ကြားပေးမည့် ကျောင်းပေါင်း ၃၁ ကျောင်းမှ ဆရာ၊ ဆရာမပေါင်း ၁၅၅ ဦးကို ICT နည်းပညာ အသုံးပြု၍ အင်တာနက် အခြေပြု လေ့လာ သင်ယူမှုများကို ပထမအဆင့် အနေဖြင့် သင်ကြားပေးပြီး ဖြစ်သည်။

ယင်းသို့ ဆောင်ရွက်ရခြင်းမှာ ဖွံ့ဖြိုးဆဲနိုင်ငံများ၌ အရည်အသွေးမြင့် ပညာရေးကို လူတိုင်း လက်လှမ်းမီ နိုင်စေရန် လူငယ်များ ကျောင်းတက်နိုင်ရေး အပေါ် ရည်ရွယ်၍ ဆောင်ရွက်ပေးခြင်း ဖြစ်သည်။

ဗြိတိန်အစိုးရ အနေဖြင့် မြန်မာနိုင်ငံ အတွင်းရှိ ကလေးငယ်များ အားလုံး ပညာ သင်ကြားမှု အခွင့်အလမ်းကို အမြင့်မားဆုံး နှင့် အသေချာဆုံး ရရှိစေရေးအတွက် ပညာရေးဆိုင်ရာ ပံ့ပိုးမှုများကို ကူညီပေးရန် ကတိကဝတ် ပြုထားသည့်အပြင် ယင်းအစီအစဉ်ကို Ericsson က အဓိကပါဝင် ပံ့ပိုးပေးပြီး MPT ကလည်း ပါဝင်ကူညီ ထားကြောင်း သိရသည်။

ကောင်းစစ်နိုင်

မြ၀တီနေ့စဉ် ၊ စာ(၃)

No comments:

Post a Comment