Pages

Friday, January 15, 2016

ပုဂံယဉ်ကျေးမှုနယ်မြေကို လေ့လာနိုင်ရန် Buggy Car များ တိုးချဲ့ပြေးဆွဲ



မန္တလေး ၊ ၁၅-၁-၂၀၁၆

မန္တလေးတိုင်း ဒေသကြီး ညောင်ဦးမြို့နယ် ပုဂံ ယဉ်ကျေးမှု နယ်မြေကို လေ့လာနိုင်ရန် အတွက် Buggy Car များငှားရမ်းမှု ပိုမိုမြင့်တက် လာခြင်းကြောင့် ကားအစီးရေ တိုးမြှင့်ပြေးဆွဲ လာရကြောင်း Buggy Car ငှားရမ်းသည့် ကိုယ်စားလှယ် တစ်ဦးထံမှ သိရသည်။

'' ကျွန်မတို့ဒီ Buggy Car တွေကို ဒီဇင်ဘာလက စပြီး ပုဂံနန်းတော်ရာ ထဲမှာ ပြေးဆွဲတာပါ။ အခုတော့ ပုဂံတစ်မြို့လုံး နီးပါး ပြေးဆွဲနေတယ်။ ငှားရမ်းမှု ကတော့ အခု ဇန်နဝါရီလမှာ များလာပါတယ်'' ဟု Buggy Car ငှားရမ်းဌာနမှ  ကိုယ်စားလှယ် ဒေါ်ဟန်နီ ကပြောသည်။

အဆိုပါ Buggy Car များကို ၂ဝ၁၅ ခုနှစ် ဒီဇင်ဘာ ၁ဝ ရက်မှ စတင်၍ ကားအစီးရေ သုံးစီးဖြင့် ပုဂံနန်းတော်ရာ တွင် ပြေးဆွဲ ခဲ့သော်လည်း ငှားရမ်းသူ များပြားခဲ့သည့် အတွက် အစီးရေ ၁ဝ စီးဖြင့် ပုဂံတစ်မြို့လုံးသို့ ဇန်နဝါရီ ပထမပတ်မှ စတင်ပြေးဆွဲလျက် ရှိကြောင်း သိရသည်။

'' အခုဆို ညဘက်တွေပါ ပြေးဆွဲရတယ်။ ငှားရမ်းမှု များလာတယ်။ များလာလည်း ဈေးနှုန်းမှာ အတက်အကျ မရှိဘူး။ ပုံမှန်ပါပဲ။ အခုလို Buggy Car ငှားရမ်းပြေးဆွဲလို့ ရတဲ့ ငွေတွေကို ဖောင်ဒေးရှင်း ပုံစံနဲ့ လှူဒါန်းဖို့ ပြင်ဆင် နေပါတယ်'' ဟု ပုဂံမြန်မာမှ Buggy Car အငှား ကိုယ်စားလှယ် ဒေါ်ဟန်နီ က ပြောသည်။

အဆိုပါ Buggy Car ငှားရမ်းခ ဈေးနှုန်းမှာ တစ်နာရီ ငွေကျပ် ၅ဝဝဝ နှင့် နေ့ဝက် ၄ နာရီကို ငွေကျပ် ၂ဝဝဝဝ ဖြစ်ပြီး တစ်နေကုန် ၈ နာရီလျှင် ငွေကျပ် ၃၅ဝဝဝ ကျသင့်ပြီး ကားတစ်စီးလျှင် ကားသမား အပါအဝင် လူလေးဦး စီးနင်း နိုင်ကြောင်း သိရသည်။

မြ၀တီနေ့စဉ် ၊ စာ(၂၀)

No comments:

Post a Comment