Pages

Friday, January 15, 2016

အမေရိကန်၌ ရေပန်းစားလာသော လူမှုကွန်ရက် Application သစ်က Facebook နှင့် Twitter တို့ကို အမီလိုက်ဖွယ်ရှိ



နယူးယောက် ၊ ၁၅-၁-၂၀၁၆

အမေရိကန်နိုင်ငံ၌ ရေပန်းအစားဆုံး Application စာရင်းတွင် ဝင်ရောက်လာသည့် Peach သည် Facebook နှင့် Twitter တို့ကဲ့သို့ နာမည်ကျော် လူမှုကွန်ရက် များကို ကျော်ဖြတ်မည့် အလားအလာများ ပိုင်ဆိုင် နေသည်ဟု အမေရိကန်နေ့စဉ် သတင်းဌာန က ဖော်ပြသည်။

Peach ကို Vine ဟု အမည်ပေးထားသည့် Video Sharing Application ကို ဖန်တီးခဲ့သည့် ဒွန်ဟော့ဖ်မန်း ဆိုသူက ဖန်တီး ခဲ့ခြင်းဖြစ်သည်။ Messaging Application တစ်ခုအဖြစ် ဖန်တီးထားခြင်း ဖြစ်သော်လည်း Post တင်နိုင်သည့် အပြင် Messaging များကို မျှဝေမှုပြုလုပ်ခြင်း၊ ပေးပို့မှု ပြုလုပ်ခြင်းများ တွင်လည်း GIF ပုံရိပ်များတွင် တွဲဖက်ကာ သက်ဝင် လှုပ်ရှားသည့် အခြေအနေဖြင့် ပေးပို့ခြင်းနှင့် မျှဝေနိုင်ခြင်း များကြောင့် သုံးစွဲ သူများ၏ စိတ်ဝင်စားမှုကို ပိုင်ဆိုင်ခဲ့ခြင်း ဖြစ်သည်။

ထို့ပြင် တခြား လုပ်ဆောင်ချက်အ သစ်များ ပါဝင်နေခြင်း ကလည်း Messaging Application များထဲတွင် ဆန်းသစ်သည့် အခြေအနေသို့ ရောက်ရှိ စေခဲ့သည် ။ သုံးစွဲသူများ ဘက်မှ နှစ်ခြိုက်မှု အရှိဆုံး အချက်မှာ Maic Words ဟု အမည်ပေးထားသော လုပ်ဆောင်ချက် ဖြစ်ပြီး  ပုံရိပ်များ ရှာဖွေခြင်း၊ လက်ရှိ Location ကို အသုံးပြုခြင်း စသည့် လုပ်ဆောင်ချက် များကို စာလုံးတစ်လုံး ရိုက်ထည့်ရုံဖြင့် လုပ်ဆောင် နိုင်အောင် ဖန်တီးထားခြင်း ဖြစ်သည်။

အဆိုပါ လုပ်ဆောင်ချက်ကို အသုံးပြုမည် ဆိုပါက GIF ပုံရိပ်များကို ရှာဖွေမည် ဖြစ်ပြီး GIF ဟု ရိုက်ထည့် လိုက်ရုံဖြင့် ရှာဖွေနိုင်မည် ဖြစ်သည်။ လက်ရှိ ရောက်ရှိနေသော Location ကို အသုံးပြုခြင်း၊ မျှဝေခြင်းများ ပြုလုပ်မည် ဆိုပါကလည်း here ဟု ရိုက်ထည့် လိုက်ရုံဖြင့် လုပ်ဆောင် နိုင်မည် ဖြစ်သည်။

Magic Words ဖြင့် လုပ်ဆောင်နိုင်သော လုပ်ဆောင်ချက် ၁၁ ခုအထိရှိနေပြီး ထပ်မံတိုးချဲ့ သွားရန် စီစဉ် ထားခြင်းကြောင့် Peach ကို စိတ်ဝင်စားသူ ဦးရေမြင့်တက် လာခြင်းဖြစ်သည်။ ထို့ပြင် ပုံဆွဲကာ သူငယ်ချင်းများ ထံသို့ ပေးပို့နိုင်သည့် လုပ်ဆောင်ချက်လည်း ပါရှိသည်။ Peach ကို အခမဲ့ သုံးစွဲသည့် Application အဖြစ် ဖြန့်ချိခဲ့ခြင်း ဖြစ်ကာ လက်ရှိတွင် iOS အတွက်သာ ဖြန့်ချိ ထားကြောင်း သိရသည်။

မြ၀တီနေ့စဉ် ၊ စာ(၁၁)

No comments:

Post a Comment