Pages

Tuesday, January 26, 2016

အကြွေစေ့ကင်းစင်သော လူ့အသိုက်အ၀န်းဖြစ်ရန် ၂၀၂၀ ပြည့်တွင် စတင်မည်



ဆိုးလ် ၊ ၂၆-၁-၂၀၁၆

ကိုရီးယား ဗဟိုဘဏ်သည် အကြွေစေ့ ကင်းစင်သော လူ့အသိုက်အဝန်း တစ်ခုသို့ အသွင်ပြောင်း နိုင်ရေးအတွက် ယခုနှစ်တွင် အကြွေစေ့များ အသုံးပြုမှုကို လျှော့ချသွား မည် ဖြစ်ကြောင်း ပြောကြားသည်။ ဗဟိုဘဏ်၏ အစီအစဉ်များ အရ ငွေသားဖြင့် ပေးချေ သူများ သည် ပြန်အမ်းငွေ များကို အကြွေစေ့များ အဖြစ် လက်ခံရမည် မဟုတ်ဘဲ ကတ်စနစ်ဖြင့် လက်ခံရရှိမည်ဟု တာဝန်ရှိသူများက ပြောကြားခဲ့သည်။ ဥပမာအားဖြင့် ဝမ် ၉၅ဝဝ ကျသင့်ငွေ အတွက် ဝမ် ၁ဝဝဝဝ ပေးလိုက်ပါက ဈေးရောင်းသူက ပြန်အမ်းငွေ ဝမ် ၅ဝဝ ကို ဝယ်သူ၏ ကတ်သို့ ချိတ်ဆက်ပေးပို့ ပေးမည် ဖြစ်သည်။

အကြွေစေ့များ ထုတ်လုပ်ရာတွင် တစ်နှစ်လျှင် ဝမ်ဘီလီယံ ၅ဝ ထက်မနည်း အသုံးပြု နေရကြောင်း၊ ပြည်သူများ အနေဖြင့် ၄င်းငွေ အကြွေစေ့များ လည်ပတ်ရေး အတွက် ပေးနေရသည့် ကုန်ကျစရိတ် သည် ပမာဏ အတိုင်းအတာ တစ်ခုအထိ ရှိကြောင်း ဗဟိုဘဏ် က ပြောကြားခဲ့သည်။ အကယ်၍ ယခုကဲ့သို့ ကတ်စနစ်အား ပြောင်းလဲမည် ဆိုပါက ဘဏ္ဍာရေးကဏ္ဍ ၌သာမက လူမှုအဖွဲ့ အစည်း တစ်ရပ်လုံး အနေဖြင့် မလိုလား အပ်သော ကုန်ကျစရိတ် များကို လျှော့ချ ချွေတာနိုင်မည် ဖြစ်သည်။ ဗဟိုဘဏ် အနေဖြင့် နောက်ဆုံး ရည်မှန်းချက် ဖြစ်သည့် အကြွေစေ့ ကင်းစင်သော လူ့အသိုက်အဝန်း အဖြစ် ပြောင်းလဲနိုင်ရန် ကြိုးစား မှုမှာ အပြောင်းအလဲ တစ်ခုဖြစ်ကြောင်း၊ ယင်းသို့ ပြောင်းလဲနိုင်ရန် အတွက်လည်း ဥပဒေအရ အခက်အခဲ များစွာ ရှိနိုင်သေးကြောင်း တာဝန်ရှိ သူများက ပြောကြားခဲ့သည်။

တောင်ကိုရီးယား ဗဟိုဘဏ် အနေဖြင့် အကြွေစေ့ ကင်းစင်သော လူ့အသိုက်အဝန်း ဖြစ်ပေါ်လာရေးကို ၂ဝ၂ဝ ခုနှစ်တွင် စတင် အကောင်အထည် ဖော်နိုင်မည်ဟု ခန့်မှန်းကြောင်း လည်း ပြောကြားခဲ့သည်။

No comments:

Post a Comment