Pages

Tuesday, January 26, 2016

အယ်လ်နီညိုရာသီဥတုတွင် ရေလိုအပ်ချက်နည်းသည့် သက်တမ်းတိုအထွက်တိုးစပါး ရွေးချယ်စိုက်ပျိုးရန် နှင့် သောက်သုံးရေ စုဆောင်းရန် သတိပေးချက် ထုတ်ပြန်



ရန်ကုန် ၊ ၂၆-၁-၂၀၁၆

အယ်လ်နီညို ရာသီဥတုတွင် တောင်သူများ အနေဖြင့် ရေလိုအပ်ချက် နည်းသည့် သက်တမ်းတို အထွက်တိုး စပါးကို ရွေးချယ် စိုက်ပျိုးရန်နှင့် သောက်သုံးရေ စုဆောင်းရန် စသည်တို့ကို ကြိုတင်ပြင်ဆင် ထားနိုင်ရန် လယ်ယာ စိုက်ပျိုးရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာနမှ သတိပေးချက် ထုတ်ပြန် ထားကြောင်း သိရသည်။

တောင်သူများ အနေဖြင့် ရာသီဥတု ပြောင်းလဲမှုများ၊ ပူပြင်း ခြောက်သွေ့မှု များနှင့် ကိုက်ညီသည့် မျိုးစပါးများကို စိုက်ပျိုးနိုင်ရန်နှင့် စိုက်ပျိုးရေ အလေအလွင့် မရှိစေရန် ယခုကဲ့သို့ သတိပေးချက် ထုတ်ပြန်ခြင်း ဖြစ်ကြောင်း သိရသည်။ စိုက်ပျိုးရေ ရရှိရန် ခက်ခဲသည့် ဒေသများရှိ တောင်သူများ အနေဖြင့် သက်ဆိုင်ရာ စိုက်ပျိုးရေး ဦးစီးဌာနများ၊ ဆည်မြောင်းဦးစီး ဌာနများသို့ ဆက်သွယ် ဆောင်ရွက်နိုင်ရန် လည်း အသိပေး နှိုးဆော်ထားကြောင်း သိရသည်။

ရေလိုအပ်ချက် နည်းပြီး သက်တမ်းတို အထွက်တိုးစပါး စိုက်ပျိုးခြင်းဖြင့် ရာသီဥတု ဒဏ်ခံနိုင်၍ ပိုမိုစိတ်ချ ရမည် ဖြစ်သည်။ မြန်မာနိုင်ငံ အတွင်း ပြောင်းလဲလာသည့် ရာသီဥတုနှင့် အညီ စိုက်ပျိုးမည့် တောင်သူများ အနေဖြင့်လည်း မျိုးစပါးများကို ပြောင်းလဲ စိုက်ပျိုးရန် လိုအပ်ပြီး စိုက်ပျိုးရေး ဦးစီးဌာနမှ ဝန်ထမ်းများ အနေဖြင့်လည်း ရာသီဥတုနှင့် အညီ ပြောင်းလဲ စိုက်ပျိုးနိုင်ရန် ဟောပြောမှုများ၊ ပညာပေးမှု များလည်း ဆောင်ရွက် ပေးလျက် ရှိကြောင်း သိရသည်။

အယ်လ်နီညို ရာသီဥတု၏ ပူပြင်းမှုသည် ၂ဝ၁၅ ခုနှစ် အောက်တိုဘာလ မှစ၍ ၂ဝ၁၆ ခုနှစ် ဇွန်လပိုင်းအထိ ဖြစ်ပေါ်မည် ဖြစ်ပြီး အယ်လ်နီညို ရာသီဥတု၏ ရိုက်ခတ်မှုကြောင့် ပူပြင်း ခြောက်သွေ့ခြင်း၊ မိုးရွာသွန်းမှု နည်းပါးခြင်း၊ စိုက်ပျိုးရေနှင့် သောက်သုံးရေ ရရှိမှု ခက်ခဲခြင်းများ ဖြစ်ပေါ် လာနိုင်ကြောင်း သိရသည်။

လင်းသူ

မြ၀တီနေ့စဉ် ၊ စာ(၁၂)

#Themyawadydaily

No comments:

Post a Comment