Pages

Tuesday, January 5, 2016

မြန်မာ-ဥရောပ-ဂျပန် ပူးပေါင်းဆောင်ရွက်မည့် ဓာတ်မြေသြဇာစက်ရုံ ၂၀၁၇ ခုနှစ်တွင် စတင်လည်ပတ်နိုင်မည်


ရန်ကုန် ၊ ၅-၁-၂၀၁၆

မြန်မာ-ဥရောပ-ဂျပန် ပူးပေါင်း ဆောင်ရွက်မည့် BMMM ဓာတ်မြေသြဇာ စက်ရုံ တည်ဆောက်ရေး လုပ်ငန်းကို ၂ဝ၁၅ ခုနှစ်မှ စတင်၍ တည်ဆောက်ခဲ့ခြင်း ဖြစ်ရာ ၂ဝ၁၇ ခုနှစ်တွင် စတင်လည်ပတ် နိုင်မည်ဖြစ်ကြောင်း မြန်မာနိုင်ငံ လယ်ယာ စီးပွားရေး အများပိုင် ကော်ပိုရေးရှင်း MAPCO မှ အုပ်ချုပ်မှု ဒါရိုက်တာ ဦးရဲမင်းအောင် က ပြောသည်။

BMMM ဓာတ်မြေသြဇာ ကုမ္ပဏီသည် ရန်ကုန်တိုင်း ဒေသကြီး သီလဝါ အထူးစီးပွားရေးဇုန် တွင် မြေဧရိယာ ၃ ဒသမ ၃ ဟက်တာ ရယူ၍ အမေရိကန် ဒေါ်လာ ၁ဝ သန်း ရင်းနှီးမြှုပ်နှံ သွားမည်ဖြစ်ရာ BMMM ကုမ္ပဏီတွင် MAPCO မှ အစုရှယ်ယာ ၄ဝ ရာခိုင်နှုန်း၊ Behn Mayer ( BM နှင့် Mitsui တို့မှ ၆ဝ ရာခိုင်နှုန်း ထည့်ဝင်ထားခြင်း ဖြစ်ကြောင်း သိရသည်။

''BMMM က သီလဝါ စီးပွားရေးဇုန်မှာ ရင်းနှီးမြှုပ်နှံတဲ့ လုပ်ငန်း ဆောင်ရွက်ဖို့ ဆုံးဖြတ်ထားတယ်။ ဒီနှစ်ထဲမှာ တည်ဆောက်ရေး လုပ်ငန်းတွေ စပြီး ဆောင်ရွက်မယ်။ ၂ဝ၁၇ ခုနှစ်မှာ စက်စတင် လည်ပတ်ပြီး ပြည်တွင်း မှာပဲ ဓာတ်မြေသြဇာ ထုတ်လုပ်မယ်'' ဟု ၄င်းက ပြောသည်။

လက်ရှိ ပြည်တွင်း၌ ဓာတ်မြေသြဇာ လုံလောက်စွာ ထုတ်လုပ်နိုင်မှု မရှိသဖြင့် တရုတ်နိုင်ငံမှ တင်သွင်း နေရသည့် အပြင် ပင်လယ် ရေကြောင်း လမ်းမှလည်း တင်သွင်းရမှုများ ရှိရာ အရည်အသွေး အရ လိုအပ်ချက် များလည်း ရှိကြောင်း သိရသည်။

''ပထမအဆင့် ကတော့ နိုက်ထရိုဂျင်၊ ပိုတက်စီယမ် တို့လိုအခြေခံ ကျတဲ့ ဓာတ်မြေသြဇာကို စထုတ်မယ်။ ကျန်တဲ့ BMMM ကထုတ်တဲ့ စိုက်ပျိုးရေး ဆေးတွေကိုတော့ နိုင်ငံခြားက တင်သွင်းမယ်'' ဟု ၄င်းကထပ်မံ ပြောသည်။

BMMM ကုမ္ပဏီအနေဖြင့် ၂ဝ၁၇ ခုနှစ် စက်ရုံ လည်ပတ်ချိန်တွင် တစ်နှစ်လျှင် တန်ချိန် တစ်သိန်းခန့် ထုတ်လုပ်ရန် ခန့်မှန်းထားပြီး ဓာတ်မြေသြဇာ ရောင်းချသည့် လုပ်ငန်းများ သာမက တောင်သူများ လိုအပ်သည့် စိုက်ပျိုးရေး န်ညးပညာများကိုပါ အသိပညာပေး ဖြန့်ဝေသွားမည် ဖြစ်ကြောင်း သိရသည်။ (၄၄၃)

မြ၀တီနေ့စဉ် ၊ စာ(၂၆)

No comments:

Post a Comment