Pages

Tuesday, January 5, 2016

ရှေးဟောင်းခရီးစဉ်ဒေသ စီမံခန့်ခွဲမှုသင်တန်းသို့ မြန်မာနိုင်ငံမှ သင်တန်းသားများ စေလွှတ်မည်


မန္တလေး ၊ ၅-၁-၂၀၁၆

ခရီးသွားလုပ်ငန်း ဖွံ့ဖြိုး တိုးတက်ရေး စီမံကိန်းအတွက် ရှေးဟောင်း ခရီးစဉ်ဒေသ စီမံခန့်ခွဲမှု သင်တန်း (Distination Management) ကို အီတလီနိုင်ငံ၌ ယခုနှစ် ဖေဖော်ဝါရီလတွင် ဖွင့်လှစ်မည် ဖြစ်ရာ မြန်မာနိုင်ငံမှ သင်တန်းသားများ သွားရောက် သင်ယူမည် ဖြစ်ကြောင်း မန္တလေးတိုင်း ဒေသကြီး ဟိုတယ်နှင့် ခရီးသွား လာရေး ဖွံ့ဖြိုး တိုးတက်မှု ဦးစီးဌာနမှ သိရသည်။

အဆိုပါ ရှေးဟောင်း ခရီးစဉ်ဒေသ စီမံခန့်ခွဲမှု သင်တန်းသည် ၂၁ ရက်ကြာ ရက်တိုသင်တန်း ဖြစ်ကြောင်း သိရသည်။

ယင်း ရှေးဟောင်း ခရီးစဉ်ဒေသ စီမံခန့်ခွဲမှု သင်တန်းသို့ ဟိုတယ်နှင့် ခရီးသွားလာရေး လုပ်ငန်းဝန်ကြီး ဌာနမှ ငါးဦး၊ ယဉ်ကျေးမှု ဝန်ကြီးဌာနမှ သုံးဦးနှင့် အမျိုးသား စီမံကိန်း နှင့် စီးပွားရေး ဖွံ့ဖြိုး တိုးတက်မှု ဝန်ကြီးဌာနမှ သုံးဦးတို့ကို ရွေးချယ် စေလွှတ်မည် ဖြစ်ကြောင်း သိရသည်။

ရှေးဟောင်း ခရီးစဉ်ဒေသ ငါးခုဖြစ်သည့် မန္တလေး၊ စစ်ကိုင်း၊ အင်းဝ၊ အမရပူရနှင့် မင်းကွန်းဒေသ တို့၌ ခရီးသွားလုပ်ငန်း ရေရှည်ဖွံ့ဖြိုး တိုးတက်ရန်နှင့် ရှေးဟောင်း ယဉ်ကျေးမှု အမွေအနှစ်များ ထိန်းသိမ်း စောင့်ရှောက်ရေး စီမံကိန်းကို အီတလီနိုင်ငံ University Of Florence မှ ၂ဝ၁၅ ခုနှစ် ဖေဖော်ဝါရီလတွင် စတင်ခဲ့ခြင်း ဖြစ်သည်။

အဆိုပါ ခရီးစဉ်ဒေသ ငါးခုရှိ နိုင်ငံခြား ခရီးသွား ဧည့်သည်များ စိတ်ဝင်စားသည့် နေရာများ၊ ဟိုတယ်များ၊ စားသောက်ဆိုင်များ၊ ခရီးသွား ဦးရေ ဝင်ရောက်မှု၊ ခရီးသွား လုပ်ငန်းမှ ရရှိသည့် အကျိုးအမြတ် စသည့် အချက်အလက် များကို စီမံကိန်း တွင် ထည့်သွင်း အသုံးပြုရန် ၂ဝ၁၅ ခုနှစ် စက်တင်ဘာလမှ စတင်၍ University Of Florence မှ ပါမောက္ခ Ms. Mirella Loda ဦးဆောင်သည့် အဖွဲ့များမှ ခြုံငုံ လေ့လာရေး ကွင်းဆင်း ကောက်ယူမှုများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။ (၄၄၇)

မြ၀တီနေ့စဉ် ၊ စာ(၂၆)

No comments:

Post a Comment