Pages

Monday, January 25, 2016

နှလုံးရောဂါကင်းပြီး သက်ရှည်ကျန်းမာလိုပါက ကျန်းမာရေးနှင့် ညီညွတ်သော ဆီကိုသာစားသုံး



< ကောင်းထက် >

သံလွင်ဆီ သို့မဟုတ် ငါးများမှ ရရှိသော ကျန်းမာရေးနှင့် ညီညွတ်သည့် အဆီများကို စားသုံးခြင်းသည် နှစ်စဉ် ကမ္ဘာတစ်ဝန်း၌ နှလုံးရောဂါဖြင့် သေဆုံးသူ အရေအတွက် ကို တစ်သန်းအထိ လျှော့ချပေး နိုင်စွမ်း ရှိသည်။

ပညာရှင်များ၏ လေ့လာမှုများကို ကြည့်မည်ဆိုပါက ကျန်းမာရေးနှင့် ညီညွတ်သော အဆီများ မစားသုံးခြင်းကြောင့် နှလုံးရောဂါဖြင့် သေဆုံးမှု အရေအတွက်သည် ပြည့်ဝဆီများ ဖြစ်သည့် အသား၊ ဒိန်ခဲများ၊ အခြားနို့ထွက် စားသောက်ကုန် များအပြင် စားအုန်းဆီနှင့် အုန်းဆီတို့မှ ရရှိသည့် အဆီများ စားသုံးခြင်းကြောင့် နှလုံးရောဂါဖြင့် သေဆုံးသည့် အရေအတွက်ထက် သုံးဆပိုမို များပြားသည် ကို တွေ့ရသည်။

နိုင်ငံအများစုတွင် နှစ်ပေါင်း များစွာကြာ အရိုးစွဲနေသည့် ပြည့်ဝဆီများ စားသုံးမှုကို ရှောင်ရှားခြင်ြး ဖင့် နှလုံးရောဂါ အန္တရာယ်မှ ကာကွယ်နိုင်မည် ဆိုသော မူဝါဒကို လက်ကိုင်ထားကြ သော်လည်း နောက်ဆုံး လေ့လာတွေ့ ရှိချက်များ အရ ကျန်းမာရေးနှင့် ညီညွတ်သော ဆီများကို အနည်းငယ်သာ စားသုံးခြင်းက နှလုံးရောဂါ ဖြစ်ပွားမှုကို ပိုမိုမြင့်တက် စေခြင်းဖြစ်သည်။

ပညာရှင်များသည် ၂ဝ၁ဝ ပြည့်နှစ်မှစ၍ နိုင်ငံပေါင်း ၁၈၆ နိုင်ငံရှိ လူများ၏ စားသုံးမှု ဓလေ့စရိုက်နှင့် နှလုံးရောဂါဖြင့် သေဆုံးမှု နှုန်းကို လေ့လာမှုများ လုပ်ဆောင်ခဲ့ရာ ယင်းနှစ်များ အတွင်း သေဆုံးသူ စုစုပေါင်း အနက် ၇၁၁၈ဝဝ ဦး သို့မဟုတ် ၁ဝ ဒသမ ၃ ရာခိုင်နှုန်းသည် သွေးထဲတွင် ကိုလက်စထရော ဖြစ်ပေါ်မှုကို အားမပေးသော ဟင်းသီးဟင်းရွက် များမှရရှိသည့် ကျန်းမာရေးနှင့် ညီညွတ်သော ဆီများကို စားသုံးမှု မရှိခြင်းကြောင့် နှလုံးရောဂါ ရရှိကာ သေဆုံး ခဲ့ခြင်း ဖြစ်သည်ကို တွေ့ရသည်။

ထိုသို့ သေဆုံးမှုမှ ကာကွယ်ရန် အတွက် လူများသည် ကစီဓာတ် အများအပြားကို စားသုံးခြင်းအစား ကျန်းမာရေး ညီညွတ်သော Omega-6 ဆီများကို စားသုံးသင့်သည်။ ဥပမာ အားဖြင့် ပေါင်မုန့်နှစ်ချပ် စားမည့်အစား သံလွင်ဆီ သို့မဟုတ် ကျန်းမာရေးနှင့် ညီညွတ်သော ဆီများ သို့မဟုတ် အခွံမာသီး များနှင့် ပေါင်မုန့်တစ်ခြမ်း ကိုသာစားသုံးသင့်သည် ဟု ဆေးသိပ္ပံ ပညာရှင် ဒေါက်တာ ဒါးရီယက် မိုဇက်ဖာရီယန် က အကြံပြု ထားသည်။

မြ၀တီနေ့စဉ် ၊ စာ(၂၁)

No comments:

Post a Comment