Pages

Monday, January 25, 2016

ကေအိုင်အေ (ကချင်)အဖွဲ့မှ ထောင်ထားသော တိုက်မိုင်းတစ်လုံး ပေါက်ကွဲ၍ ဒေသခံပြည်သူတစ်ဦး ဒဏ်ရာရရှိ



နေပြည်တော် ၊ ၂၅-၁-၂၀၁၆

ကချင်ပြည်နယ်၊ မိုးကောင်းမြို့နယ်၊ ဆားမှော်ကျေးရွာ၊ ဆွတ်ငိုင်ရပ်ကွက် နေ ဦးဘရန်တောင် ၃၇ နှစ်(ဘ) ဦးနော်ဂျာ သည် တစ်ရွာတည်းနေ ဦးကတ်လီ၊ ဦးနော်ဆိုင်း တို့နှင့်အတူ ဇန်နဝါရီ ၂၃ ရက် ညနေ ၅ နာရီခန့်တွင် ပုန်းညက်စေး ကောက်ယူရန် ထွက်ခွာလာစဉ် ဆန်ကပ် ရွာဟောင်းအနီး အရောက်၌ ကေအိုင်အေ (ကချင်)အဖွဲ့မှ ထောင်ထားသော တိုက်မိုင်းတစ်လုံး တိုက်မိ ပေါက်ကွဲခဲ့သည်။

မိုင်းပေါက်ကွဲ မှုကြောင့် ဦးဘရန်တောင် သည် ခြေထောက်၊ လက်နှင့်ပါး တို့တွင် မိုင်းစထိမှန် ဒဏ်ရာများ ရရှိခဲ့ပြီး ဆားမှော် တိုက်နယ် ဆေးရုံ၌ တက်ရောက် ဆေးကုသမှု ခံယူလျက်ရှိကာ ယမန်နေ့ နံနက်ပိုင်းတွင် နယ်မြေခံတပ်မှ တပ်မတော်သား များက သွားရောက် ကြည့်ရှု အားပေးစကား ပြောကြားပြီး စားသောက် ဖွယ်ရာများ ပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။ (၁၀၀)

မြ၀တီနေ့စဉ် ၊ စာ(၁၅)

No comments:

Post a Comment