Pages

Friday, January 1, 2016

၂၀၁၆-၂၀၁၇ ပညာသင်နှစ်တွင် စံပြကျေးရွာများရှိ ကျောင်းများကို စံပြကျောင်းများ ဖြစ်စေရေး အကောင်အထည်ဖော် ဆောင်ရွက်သွားမည်


ရန်ကုန် ၊ ၁-၁-၂၀၁၆

၂ဝ၁၆-၂ဝ၁၇ ပညာသင်နှစ်တွင် စံပြကျေးရွာ များရှိ အခြေခံပညာ ကျောင်းများကို စံပြကျောင်းများ ဖြစ်စေရေး အကောင် အထည်ဖော် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း အခြေခံပညာ ဦးစီးဌာနမှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။

တိုင်းဒေသကြီးနှင့် ပြည်နယ် တစ်ခုစီ၌ စာသင်ကျောင်း တစ်ကျောင်းစီ ရွေးချယ်၍ စံပြကျောင်း ဖြစ်စေရန် လိုအပ်ချက် များကို ဖြည့်ဆည်း ဆောင်ရွက်ပေးမည် ဖြစ်သည်။

ယင်းကဲ့သို့ စာသင်ကျောင်းများ ရွေးချယ်ရာတွင် သက်ဆိုင်ရာ တိုင်းဒေသကြီးနှင့် ပြည်နယ် ပညာရေးမှူးက တာဝန်ယူ ရွေးချယ်မည် ဖြစ်ပြီး လိုအပ်သည့် ဆရာအင်အား၊ ကျောင်း အဆောက်အအုံ အပြင်တခြား လိုအပ်ချက်များ ဖြည့်ဆည်း ပေးမည် ဖြစ်ကြောင်း သိရသည်။

''ကျောင်းတွေရဲ့ သင်ကြားမှု အရည်အသွေး မြင့်မားလာအောင် တိုင်းဒေသကြီးနဲ့ ပြည်နယ် တစ်ခုစီမှာ ကျောင်း တစ်ကျောင်းကို စံပြလုပ်ပြီး လိုအပ်တာကို ဖြည့်ဆည်း ပေးမယ်။ စံပြကျောင်း တိုးမြှင့်ပေးရေးကို ကျောင်းရဲ့ အခြေအနေပေါ် မူတည်ပြီး သတ်မှတ်မှာ ဖြစ်သလို အဲဒီကျောင်းေ တွရဲ့ လိုအပ်ချက်ကို ဖြည့်ဆည်း ပေးသွားမှာ ဖြစ်ပါတယ်'' ဟု ၄င်းက ဆက်လက် ပြောသည်။

အရည်အသွေးမြင့် ကျောင်းများ ဖြစ်ပေါ် လာစေရန် လိုအပ်ချက်များ ကို ၂ဝ၁၆ ခုနှစ် ဇွန်လမှစ၍ ပံ့ပိုး ပေးသွားမည် ဖြစ်သည်။ စံပြ ကျေးရွာများရှိ ကျောင်းများကို စံပြကျောင်းများ အဖြစ် အဆင့်ဆင့် တိုးမြှင့်ပေး ရာတွင် အဆိုပါ ကျောင်းရှိ ကျောင်းသားဦးရေ၊ အဆိုပါ ဒေသ၌ ကျောင်းနေမှုနှုန်း၊ ကျောင်းပတ်ဝန်းကျင် ကောင်းမွန်မှု၊ ကျောင်းဝင်းနေရာ အကျယ်အဝန်း၊ ရေနှင့် သန့်ရှင်းမှုရှိ၊ မရှိ၊ ကျောင်းများ၌ ကျောင်းစိုက်ခင်း ဥယျာဉ် ရှိ၊ မရှိ၊ ကျောင်းစုဝေးကွင်း ရှိ၊ မရှိ၊ အားကစားကွင်း ရှိ၊ မရှိ၊ မာတီမီဒီယာ ခန်းများ ရှိ၊ မရှိနှင့် သိပ္ပံလက်တွေ့ ခန်းများရှိ၊ မရှိ စသည့်အချက်များ အပေါ် အခြေခံ၍ သတ်မှတ်ပေး သည့်အပြင် လိုအပ်ချက်များ ပြည့်စုံမှု မရှိပါက အစိုးရနှင့် တခြား အဖွဲ့အစည်းများမှ ဆောင်ရွက် ပေးသွားမည် ဖြစ်သည်။

တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ၂ဝ၁၄-၂ဝ၁၅ ပညာသင်နှစ်တွင် စာသင်ကျောင်း ၄၅ဝဝဝ ခန့်ရှိပြီး အခြေခံပညာ ကျောင်းသား ၈ ဒသမ ၇ သန်းကျော် တက်ရောက် ပညာသင်ကြား နေကြောင်း ပညာရေး ဝန်ကြီးဌာနမှ ထုတ်ပြန်သည့် စာရင်းများအရ သိရသည်။ 

ဇာဏီ

မြ၀တီနေ့စဉ် ၊ စာ(၁၂)

No comments:

Post a Comment