Pages

Wednesday, January 20, 2016

ရှမ်းပြည်နယ် (တောင်ပိုင်း) နောင်တရားမြို့ ၌ စိုက်ပျိုးအောင်မြင်လျက် ရှိသည့် ယာကွန်ဥ



နောင်တရား ၊၂ဝ-၁-၂ဝ၁၆

တောင်အမေရိကတိုက် ရှိ ပီရူးနိုင်ငံ ကုန်းပြင်မြင့်များ၌ ဖြစ်ထွန်း အောင်မြင်ပြီး မြန်မာနိုင်ငံ အတွင်းသို့ ပြီးခဲ့သည့်နှစ် များတွင် ဝင်ရောက်လာသည့် ယာကွန်ပင် များကို ရှမ်းပြည်နယ် (တောင်ပိုင်း) နောင်တရားမြို့၌ စတင်စမ်းသပ် စိုက်ပျိုးခဲ့ရာ လက်ရှိတွင် အောင်မြင်ဖြစ်ထွန်းမှု များလာကြောင်း သိရသည်။

''ယာကွန်ဥက သဘာဝကရရှိတဲ့ အစွမ်းထက် အာဟာရဓာတ်တွေ များစွာ ပါဝင်တာကြောင့် သူ့ကို Ground Apple ဒါမှမဟုတ် Super Food လို့တောင်တင်စား ခေါ်ဝေါ်ကြတာပါ။ သူက ကျန်းမာရေး အတွက် သင့်လျော်ပါတယ်။ သူ့မှာပါဝင်တဲ့ အချိုဓာတ် ကလည်း ဆီးချိုဝေဒနာရှင်တွေ အတွက် အန္တရာယ်လုံးဝမရှိတဲ့ အချိုဓာတ် ဖြစ်တာကြောင့် လက်ရှိမှာ စိုက်ပျိုးမှုတွေ များလာပြီး ဝယ်ယူတဲ့ သူတွေလည်း များလာတာပါ။

သူ့ရဲ့မျိုးရင်းက ပီရူးနိုင်ငံက ဖြစ်ပေမယ့် ဂျပန်နိုင်ငံက နည်းပညာနဲ့ ကျွန်တော်တို့နိုင်ငံမှာ စိုက်ပျိုးတာပါ။ ယာကွန်ရွက်ကို အခြောက်လှန်းပြီး လက်ဖက်ခြောက် အနေနဲ့ သောက်လို့လည်း ရပါတယ်။ ဆေးအဖြစ် မှီဝဲပြီး သောက်သုံးတဲ့ သူတွေလည်း ရှိပါတယ်'' ဟု ရတနာထွန်း ယာကွန် ဆေးလက်ဖက်ခြောက် နှင့် ယာကွန်ဥများ စိုက်ပျိုးဖြန့်ဖြူး ရောင်းချနေသည့် ဦးကျော်သင်း ကပြောသည်။

ယာကွန်ဥသည် အရွက်ထက် ပို၍ ဆေးဖက်ဝင်ကြောင်း သိရသည်။ ယာကွန်ဥသည် အရည်ရွှမ်းပြီး ကြွပ်ဆတ်၍ ချိုသော အရသာရှိကာ ပန်းသီး၏ အရသာနှင့် ဆင်တူခြင်းကြောင့် ယာကွန်ဥကို Ground Apple ဟူ၍ ခေါ်ဆိုမှုများ ရှိကြောင်း သိရသည်။

အဆိုပါ ယာကွန်ဥ များသည် နိုဝင်ဘာ ပထမပတ်မှ စ၍ မတ်လကုန်အထိ ထွက်ရှိကြောင်း သိရသည်။ ယာကွန်ပင်များသည် အော်ဂဲနစ်ပင်များ ဖြစ်ပြီး အရွက်နှင့် ဆေးလက်ဖက်ခြောက် ကို တစ်နှစ်ပတ်လုံး ရရှိနိုင်ကြောင်း သိရသည်။

သီရိ

မြ၀တီနေ့စဉ် ၊ စာ(၆)

No comments:

Post a Comment