Pages

Wednesday, January 20, 2016

အနုပညာဦးစီးဌာန၏ မူဖြစ်သည့် ပုဂံအကနှင့် အပျိုတော်အက စာနယ်ဇင်း ရှင်းလင်းပွဲကျင်းပ



ရန်ကုန် ၊ ၂ဝ-၁-၂ဝ၁၆

ယဉ်ကျေးမှု ဝန်ကြီးဌာန အနုပညာ ဦးစီးဌာန၏ မူဖြစ်သည့် ''ပုဂံအက''၊ ''အပျိုတော်အက'' များနှင့် စပ်လျဉ်းသည့် စာနယ်ဇင်း ရှင်းလင်းပွဲကို ယမန်နေ့ မွန်းလွဲ ၂ နာရီတွင် ရန်ကုန်တိုင်း ဒေသကြီး ဒဂုံမြို့နယ် မြို့မကျောင်း လမ်းရှိ အမျိုးသားဇာတ်ရုံ၌ ကျင်းပသည်။

ပုဂံခေတ်သည် အေဒီ ၁၁ ရာစုမှ ၁၃ ရာစုထိ ဖြစ်သည်။ သို့ရာတွင် ပုဂံအကသည် မည်သို့သော အကမျိုး ဖြစ်သည်၊ တီးလုံးတေးသွား မည်သို့သော ရှိသည်ဆိုခြင်းကို တိတိကျကျ မသိပေ။ ယမန်နေ့ တင်ဆက် ကပြသည့် ပုဂံအက အား ၂ဝဝ၇ ခုနှစ်တွင် အကဆရာ၊ ဆရာမများနှင့် တာဝန်ရှိသူတို့က ပုဂံဘုရားများရှိ နံရံဆေးရေး ပန်းချီများကို အကောင်းဆုံး ထုတ်နုတ်၍ ပုဂံအကကို စနစ်တကျ သုတေသန ပြုကာ ကလို့ရနိုင်သည့် အနေအထားကို အခြေခံပြီး တစ်ကွက်ချင်းစီ ဖန်တီးထားခြင်း ဖြစ်ကြောင်း သိရသည်။

ထို့ပြင် ကျောက်စာ အထောက်အထား အရ တွေ့ရှိရသည့် ပုဂံခေတ် တူရိယာများနှင့် ပတ်သက်ပြီး ဆက်လက် လေ့လာကြရာ ပုဂံ တူရိယာ အမျိုးပေါင်း ၂၁ မျိုး တွေ့ရသည်။

ယင်း တူရိယာများတွင် လက်ရှိ အသုံးပြုနေသည့် စောင်း၊ ခရုသင်း၊ မောင်း၊ ကြေးနောင် တို့ပါဝင်ကြပြီး ယနေ့ခေတ် တူရိယာနှင့် အစားထိုးထားကာ အသံအား မှန်းဆ သုတေသနပြု ၍ ပုဂံအကကို ဖန်တီးတင်ဆက် ထားခြင်းဖြစ်သည်။ ပုဂံခေတ် နံရံဆေးရေး ပန်းချီမှ ဖော်ပြသော ကကြိုးကကွက်များအား ကကွက်အဖြစ် ဖန်တီးရာတွင် ပုဂံခေတ်ေ အဒီ ၁၁ ရာစုမှ ၁၃ ရာစုအတွင်းရှိ ပုဂံဘုရားများ ပေါ်ရှိ ကကွက် ၁၇ ကွက်ကို အခြေခံ ထားကြောင်း သိရသည်။

ယမန်နေ့ ကျင်းပသည့် စာနယ်ဇင်း ရှင်းပွဲနှင့် ပတ်သက်၍ ''အဓိက ကတော့ ဒီနေ့ပြုလုပ်တဲ့ ပွဲက ကျွန်တော်တို့ ယဉ်ကျေးမှု ဝန်ကြီးဌာန၊ အနုပညာ ဦးစီးဌာနကနေ ထိန်းသိမ်းထားတဲ့ ရိုးရာကဟန် မူလေးတွေကို ရှင်းလင်းဆွေးနွေး ချပြခြင်း ဖြစ်ပါတယ်။ အဲဒီအထဲမှာမှ ပုဂံအက၊ အပျိုတော်အက နဲ့ ပတ်သက်ပြီး သရုပ်ပြ ဆွေးနွေးတာ ဖြစ်ပါတယ်။ ကျွန်တော်တို့ ဝန်ကြီးဌာနက ရိုးရာ ယဉ်ကျေးမှု အမွေအနှစ် တွေကို ထိန်းသိမ်းတယ်၊ ဖြန့်ဝေတယ်၊ ပိုပြီး တိုးတက်အောင် မြှင့်တင်မယ့် ရည်မှန်းချက်တွေ ရှိပါတယ်။ အဲဒီ ရည်မှန်းချက် အတိုင်းပဲ ကျွန်တော်တို့ ထိန်းသိမ်း စောင့်ရှောက်ပြီးတော့ ပြည်သူတွေကို ကပြပွဲတွေ လုပ်သလို အခုလိုမျိုးလည်း အခါအားလျော်စွာ လုပ်ပေးခြင်း ဖြစ်ပါတယ်'' ဟု အနုပညာ ဦးစီးဌာန၊ ထုတ်လုပ်ဌာနခွဲ ညွှန်ကြားရေးမှူး ဦးလှိုင်ဝင်းမောင် က ပြောသည်။

အလားတူ အပျိုတော်အက နှင့် ပတ်သက်၍ အပျိုတော် အကသည် ရှုပ်ထွေးတတ်ပြီး နတ်ကတော်နှင့် အပျိုတော် အမြဲတမ်း ရောထွေးမှုများ ရှိကြသော်လည်း တစ်ခုနှင့်တစ်ခု မတူကြောင်း သိရသည်။ နတ်ကတော် အကသည် ပထမဆုံး ပွဲဦးထွက် ကရသည့် အကဖြစ်ပြီး အပျိုတော် အကသည် ဒုတိယညမှ စပြီးပွဲဦးထွက် ကရသည့် အကဖြစ်သည်။ ဝတ်စားဆင်ယင်မှု တွင်လည်း နတ်ကတော်သည် နဖူးစည်း ၊ ရင်စည်းပါပြီး အပျိုတော်အက တွင် ပန်းပန်၊ ပဝါစုံချ၊ နဖူးမစည်း၊ ရင်မစည်း စသည်ဖြင့် ကွာခြားမှုများ ရှိကာ တေးသွားပိုင်း တွင်လည်း သီချင်းကြီး သီချင်းခံကို ကောက်နုတ် အသုံးချ ရာတွင် မတူသည့် အပိုင်းများ ရှိကြောင်း သိရသည်။

အပျိုတော်အကသည် ယခင်က ၄၅ မိနစ်မှ ၁ နာရီကြာမြင့် ခဲ့သော်လည်း ၁၉၆၃ ခုနှစ်တွင် အနုပညာရှင် ဆရာကြီး၊ ဆရာမကြီးများက သမားစဉ်မပျက် ၁၅ မိနစ်စာ ကောက်နုတ်ကာ တင်ဆက်မှုအား ထိန်းသိမ်း ခဲ့ကြကြောင်း သိရသည်။

ဝန်းရံခ

မြ၀တီနေ့စဉ် ၊ စာ(၅)

No comments:

Post a Comment