Pages

Friday, January 8, 2016

အိန္ဒိယကမ်းခြေစောင့်တပ်ဖွဲ့မှ စစ်ရေယာဉ်တစ်စင်း မြန်မာနိုင်ငံသို့ ချစ်ကြည်ရေးခရီး ရောက်ရှိ


အိန္ဒိယ ကမ်းခြေစောင့် တပ်ဖွဲ့မှ စစ်ရေယာဉ် JCGS VARAD သန်လျင်သီလဝါ ဆိပ်ကမ်း MITT တံတားသို့ ရောက်ရှိစဉ်

နေပြည်တော် ၊ ၈-၁-၂၀၁၆

အိန္ဒိယသမ္မတနိုင်ငံ၊ အိန္ဒိယ ကမ်းခြေစောင့် တပ်ဖွဲ့မှ စစ်ရေယာဉ် JCGS VARAD သည် ချစ်ကြည်ရေး ခရီးစဉ်အဖြစ် ယမန်နေ့မွန်းလွဲ ၂ နာရီတွင် သန်လျင်သီလဝါ ဆိပ်ကမ်း MITT တံတားသို့ ရောက်ရှိလာရာ တပ်မတော်(ရေ)မှ အရာရှိကြီးများ၊ အရာရှိ၊ စစ်သည်၊ မိသားစုများနှင့် အိန္ဒိယစစ်သံရုံးမှ တာဝန်ရှိ သူများက ကြိုဆိုနှုတ်ဆက် ကြသည်။

အဆိုပါ ရေယာဉ်တွင် အိန္ဒိယကမ်းခြေစောင့် တပ်ဖွဲ့မှ COMDT PANKAJ VERMA ဖြစ်သူ ဦးဆောင်၍ အရာရှိ ၂ဝ ဦးနှင့် အခြားအဆင့် ၉ဝ ဦး စုစုပေါင်း ၁၁ဝ ဦး လိုက်ပါလာပြီး မြန်မာနိုင်ငံတွင် ဇန်နဝါရီ ၁၁ ရက်အထိ ငါးရက်ကြာ နေထိုင်၍ လေ့လာ လည်ပတ်သွားမည် ဖြစ်ကြောင်း သတင်းရရှိသည်။ (၁၀၀)

မြ၀တီနေ့စဉ် ၊ စာ(၃၂)

No comments:

Post a Comment