Pages

Friday, January 8, 2016

မြန်မာနိုင်ငံ၌ ပထမဆုံးအကြိမ် နိုင်ငံတကာ လူ့စွမ်းအားအရင်းအမြစ်ဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေး ဆွေးနွေးပွဲ ကျင်းပမည်



ရန်ကုန် ၊ ၈-၁-၂၀၁၆

မြန်မာနိုင်ငံ၌ ပထမဆုံးအကြိမ် အဖြစ် နိုင်ငံတကာမှ ပါဝင်သော လူ့စွမ်းအား အရင်းအမြစ်ဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေး ဆွေးနွေးပွဲ တစ်ရပ်ကို ဇန်နဝါရီ ၂၂ ရက်တွင် ရန်ကုန်မြို့ရှိ Novotel Yangon Max ၌ ကျင်းပသွားရန် စီစဉ်ထားကြောင်း Myanmar HR Summit သတင်းစာ ရှင်းလင်းပွဲမှ သိရသည်။

အဆိုပါ ဆွေးနွေးပွဲကို ဗီယက်နမ်၊ ထိုင်း၊ စင်ကာပူနှင့် အမေရိကန်စသည့် နိုင်ငံများရှိ ပညာရှင်များမှ လူ့စွမ်းအား အရင်းအမြစ် ဆိုင်ရာများကို ဆွေးနွေးဟောပြော သွားမည်ဖြစ်ပြီး VieJet Air, Telenor နှင့် Roche စသည့် ပြည်တွင်းကုမ္ပဏီ များမှ ပံ့ပိုးကူညီ ပေးသွားမည် ဖြစ်ကြောင်း သိရသည်။

ယင်းဆွေးနွေးပွဲသို့ ကုမ္ပဏီရှိ CEO များ၊ မန်နေဂျာများနှင့် လူ့စွမ်းအား အရင်းအမြစ် ဆိုင်ရာ စိတ်ပါဝင်စားသူများ တက်ရောက်သင့်ပြီး ယခုကဲ့သို့ ဆွေးနွေးပွဲသို့ တက်ရောက် ခြင်းဖြင့် မိမိတို့၏ လုပ်ငန်းကုမ္ပဏီများ ဖွံ့ဖြိုး တိုးတက်ရေး အတွက် အထောက်အကူ များစွာ ဖြစ်စေမည် ဖြစ်ကြောင်း၊ မိမိတို့၏ လုပ်ငန်းများ၌လည်း လူတော်လူကောင်း များစွာကို မွေးထုတ်ပေး နိုင်မည်ဖြစ်ကြောင်း၊ ဆွေးနွေးပွဲ၌ ပြည်တွင်းပြည်ပ လူ့စွမ်းအား
အရင်းအမြစ်ဆိုင်ရာ ပညာရှင် ရှစ်ဦးခန့်က ဆွေးနွေးတင်ပြ သွားမည်ဖြစ်ကြောင်း သိရသည်။

ဆွေးနွေးပွဲ တက်ရောက်သူ များထဲမှ စင်ကာပူနိုင်ငံသို့ စီးပွားရေးဆိုင်ရာ တက်ရောက် လိုသူများအား ရွေးချယ် ခေါ်ယူမည့် အစီအစဉ်များလည်း ထည့်သွင်းသွားမည် ဖြစ်ရာ အဆိုပါ လူ့စွမ်းအား အရင်းအမြစ် ဆိုင်ရာ ဆွေးနွေးပွဲ တက်ရောက်လိုသူများ အနေဖြင့် www.mihrs.com သို့ ကြိုတင် စာရင်းပေး တက်ရောက် နိုင်ကြောင်း သိရသည်။

မြ၀တီနေ့စဉ် ၊ စာ(၃)

No comments:

Post a Comment