Pages

Friday, January 8, 2016

သောက်ရေသန့်များ ကျန်းမာရေးနှင့် ညီညွတ်ခြင်း ရှိ-မရှီ စစ်ဆေးပေးရန် အကြောင်းကြားပါက စစ်ဆေးပေးမည်



ရန်ကုန် ၊ ၈-၁-၂၀၁၆

ရန်ကုန်မြို့၌ တံဆိပ်မျိုးစုံဖြင့် ရောင်းချလျက် ရှိသော သောက်ရေသန့် များအား ကျန်းမာရေးနှင့် ညီညွတ်ခြင်း ရှိ၊မရှိ စစ်ဆေးပေးရန် အကြောင်းကြား ပါက စစ်ဆေးပေး သွားမည် ဖြစ်ကြောင်း ရန်ကုန်မြို့တော် စည်ပင် သာယာရေး ကော်မတီ ကျန်းမာရေးဌာန မှ အကြီးတန်းအရာရှိ တစ်ဦး၏ ပြောကြားချက် အရ သိရသည်။

သောက်ရေသန့်များကို စစ်ဆေးရာတွင် ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ ကျန်းမာရေးဌာန နှင့် မြို့နယ်စည်ပင် သာယာရေး ကော်မတီအဖွဲ့မှ တာဝန်ရှိသူများ ပူးပေါင်း ဆောင်ရွက်မည် ဖြစ်ပြီး လိုအပ်ပါက ဈေးများတွင်လည်း စစ်ဆေးမှုများ ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ကျန်းမာရေးဌာန၏ ထုတ်ပြန်ချက် အရ သိရသည်။

လက်ရှိတွင် သောက်ရေသန့်များ နှင့်ပတ်သက်၍ အသေးစိတ် ကွင်းဆင်းစစ်ဆေးမှု မရှိသေးသော်လည်း အကြောင်းကြား စာများနှင့် တိုင်ကြားစာများ ရရှိပါက ဌာန ဓာတ်ခွဲခန်း၌ စစ်ဆေးပေးမည် ဖြစ်ကြောင်း၊ ပြည်သူများ အနေဖြင့် သောက်ရေသန့်များ အား ကျန်းမာရေးနှင့် ညီညွတ်မှု ရှိ၊မရှိကို သံသယရှိပါက အကြောင်းကြား နိုင်ကြောင်း ကျန်းမာရေးဌာန မှ သိရသည်။

ရန်ကုန်မြို့တော် စည်ပင် သာယာရေး ကော်မတီ ကျန်းမာရေးဌာန အနေဖြင့် ရန်ကုန်မြို့ အတွင်းရှိ ဈေးများ၌ ရောင်းချလျက် ရှိသော စားသောက်ကုန် များတွင် တားမြစ် ဓာတုဆိုးဆေးများ အသုံးပြုခြင်း ရှိ၊ မရှိကို ပုံမှန်စစ်ဆေးလျက် ရှိကြောင်း သိရသည်။ (၄၄၇)

မြ၀တီနေ့စဉ် ၊ စာ(၃)

No comments:

Post a Comment