Pages

Friday, January 8, 2016

Myanmar Airspace နှင့် အမေရိကန်မှ AFT Center တို့ပူးပေါင်း၍ ဒုတိယအကြိမ်မြောက် လေယာဉ်မှူးသင်တန်း ဖွင့်လှစ်မည်



ရန်ကုန် ၊ ၈-၁-၂၀၁၆

ပြည်တွင်းရှိ Myanmar Airspace နှင့် အမေရိကန်နိုင်ငံမှ AFT Center တို့ပူးပေါင်း၍ ဒုတိယ အကြိမ်မြောက် လေယာဉ်မှူး သင်တန်းကို ဇန်နဝါရီ ၁၅ ရက်တွင် စတင် ဖွင့်လှစ်မည် ဖြစ်ကြောင်း သိရသည်။

အဆိုပါသင်တန်းကို ပြည်တွင်းမှ သင်တန်း တက်ရောက်လိုသူ များအနေဖြင့် အင်္ဂလိပ်စာ ကျွမ်းကျင်ရန် လိုအပ်သည်။ ယင်းသင်တန်းကို စာတွေ့လက်တွေ့ အပိုင်းကဏ္ဍများ ခွဲခြားပြီး မြန်မာနှင့် အမေရိကန် နှစ်နိုင်ငံ စလုံး၌ သင်ကြားပို့ချ သွားမည်ဖြစ်ရာ မြန်မာနိုင်ငံမှ သင်တန်းသားများ အတွက် အမေရိကန်နိုင်ငံ ပြည်ဝင်ခွင့်ဗီဇာ ရရှိစေရန် သင်တန်းမှ ကူညီ ဆောင်ရွက်ပေးမည် ဖြစ်ကြောင်း သိရသည်။

ကိုဆောင်း (ဥက္ကလာ)

မြ၀တီနေ့စဉ် ၊ စာ(၆)

No comments:

Post a Comment