Pages

Friday, January 22, 2016

အင်းတော်ကြီး တောရိုင်းတိရစ္ဆာ န်ဘေးမဲ့တော ကို မြန်မာနိုင်ငံ၏ ဒုတိယမြောက် ရမ်ဆာ ရေတိမ်ဒေသ အဖြစ်သတ်မှတ်ခဲ့



မိုးညှင်း ၊ ၂၂-၁-၂၀၁၆

မြန်မာနိုင်ငံ၏ ဒုတိယမြောက် ရမ်ဆာ ရေတိမ်ဒေသ (Ramsar Site) အဖြစ် ကချင်ပြည်နယ်ရှိ အင်းတော်ကြီး တောရိုင်းတိရစ္ဆာ န် ဘေးမဲ့တောကို အတည်ပြု သတ်မှတ်ခဲ့ပြီး ဖေဖော်ဝါရီ ၂ ရက်၌ ကျရောက်မည့် ကမ္ဘာ့ ရေတိမ်ဒေသနေ့ တွင် တရားဝင်ကြေညာ သွားမည်ဖြစ်ကြောင်း သဘာဝ ပတ်ဝန်းကျင် နှင့် သားငှက်တိရစ္ဆာန် ထိန်းသိမ်းရေး ဌာနမှ သိရသည်။

မြန်မာနိုင်ငံ၌ ရေတိမ်ဒေသ များစွာရှိသော်လည်း မိုးယွန်း ကြီးအင်း တောရိုင်းတိရစ္ဆာန် ဘေးမဲ့တော တစ်ခုသာ ရမ်ဆာ ရေတိမ်ဒေသ အဖြစ် အတည်ပြု သတ်မှတ်ခြင်း ခံခဲ့ရပြီး အင်းတော်ကြီး တောရိုင်းတိရစ္ဆာန် ဘေးမဲ့တောသည် ဒုတိယမြောက် ဖြစ်သည်။ အင်းတော်ကြီး တောရိုင်း တိရစ္ဆာန် ဘေးမဲ့တော သည် ရမ်ဆာ ရေတိမ်ဒေသ အဖြစ် သတ်မှတ်နိုင်သည့် စံနှုန်းကိုးခု အနက် လေးခုနှင့် ကိုက်ညီကြောင်း သိရသည်။

ကချင်ပြည်နယ် မိုးညှင်းမြို့နယ်၌ ရှိသည့် အင်းတော်ကြီး တောရိုင်းတိရစ္ဆာန် ဘေးမဲ့တောသည် အမြဲစိမ်းတော၊ ရေတိမ် ဂေဟစနစ်ဖြစ်ပြီး ဆင်၊ သမင်၊ စိုင်၊ ဆတ်၊ တောဆိတ်၊ တောင် ဆိတ်နှင့် ရေပျော်ငှက် များ လာရောက် ကျက်စားသည့် ရေတိမ်ဒေသ တစ်ခုဖြစ်သည်။

အင်းတော်ကြီး တောရိုင်းတိရစ္ဆာန် ဘေးမဲ့တောကို ရမ်ဆာ ရေတိမ်ဒေသ အဖြစ် အတည်ပြု သတ်မှတ်နိုင်ရန် သဘာဝ ပတ်ဝန်းကျင်နှင့် သားငှက်တိရစ္ဆာ န် ထိန်းသိမ်းရေးဌာန နိုင်ငံတကာ တိရစ္ဆာန် နှင့် အပင်များအဖွဲ့ (FFI) တို့ပူးပေါင်းကာ သုံးနှစ်ခန့် ကွင်းဆင်းလေ့လာမှုများ ပြုလုပ်ခဲ့ရသည်။

ရမ်ဆာ ရေတိမ်ဒေသ အဖြစ် သတ်မှတ်ခံရပါက ထိန်းသိမ်းရေး လုပ်ငန်းများ ပိုမို လုပ်ဆောင်နိုင်မည် ဖြစ်သကဲ့သို့ ခရီးသွားလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက် လာ၍ ဒေသခံများလည်း အလုပ်အကိုင် အခွင့်အလမ်းများ တိုးလာမည် ဖြစ်သည်။ မုတ္တမ ပင်လယ်ကွေ့ မိန်းမလှကျွန်း တောရိုင်းတိရစ္ဆာ န် ဘေးမဲ့တော ကိုလည်း ရမ်ဆာ ရေတိမ်ဒေသ အဖြစ် သတ်မှတ်နိုင်ရန် လုပ်ဆောင်သွားမည် ဖြစ်ကြောင်း သိရသည်။ (၄၄၇)

မြ၀တီနေ့စဉ် ၊ စာ(၄)

No comments:

Post a Comment