Pages

Friday, January 22, 2016

တရုတ်နိုင်ငံသို့ ရေထွက်ပစ္စည်းတင်ပို့သည့် မြန်မာနိုင်ငံရှိ စက်ရုံများကို AQSIQ အဖွဲ့မှ လာရောက် စစ်ဆေးရန်ရှိ


ရန်ကုန် ၊ ၂၂-၁-၂၀၁၆

တရုတ်နိုင်ငံသို့ ရေထွက်ပစ္စည်း တင်ပို့သည့် မြန်မာနိုင်ငံရှိ စက်ရုံများကို တရုတ်နိုင်ငံ AQSIQ အဖွဲ့မှ ယခုလအတွင်း လာရောက် စစ်ဆေးရန် ရှိကြောင်း မြန်မာနိုင်ငံ ငါးလုပ်ငန်း အဖွဲ့ချုပ်၏ သားငါးကဏ္ဍ အစည်းအဝေး၌ မြန်မာနိုင်ငံ ရေထွက်ပစ္စည်း ထုတ်လုပ်သူ များနှင့် ပို့ကုန်လုပ်ငန်း ရှင်များအသင်းမှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။

မြန်မာနိုင်ငံမှ တရုတ်နိုင်ငံသို့ ရေထွက် ပစ္စည်းများ တင်ပို့ရာ၌ လက်ရှိတွင် စာရင်းသွင်း ထားသော စက်ရုံ ၈ဝ ကျော်ခန့်ရှိပြီး တရုတ်နိုင်ငံ၏ အစားအသောက် ဆိုင်ရာ စိစစ်ရေးအဖွဲ့မှ ယခုလအတွင်း မြန်မာနိုင်ငံ
သို့ လာရောက် စစ်ဆေးမည် ဖြစ်သည်။

''သူတို့ စစ်ဆေးပြီးလို့ လိုအပ်တဲ့ အင်္ဂါရပ်နဲ့ မညီညွတ်ဘူး ဆိုရင် ညီညွတ်အောင် လုပ်ခိုင်းတာလည်း ဖြစ်မယ်။ ဒါမှ မဟုတ်ရင်လည်း မညီညွတ်တဲ့ စက်ရုံတွေကို တင်ပို့ခွင့် ရပ်ဆိုင်းတာလည်း ဖြစ်ချင်ဖြစ်မယ်'' ဟု ၄င်းက ပြောသည်။

ပြည်တွင်းရှိ ရေထွက်ပစ္စည်း ပြုပြင် ထုတ်လုပ်သော စက်ရုံများ အနေဖြင့် ပြုပြင် ထုတ်လုပ်သည့် လုပ်ငန်းစဉ် များတွင် Food Safety နှင့်အညီ ဆောင်ရွက်ထားရန် လိုအပ်ပြီး အထူးသဖြင့် စက်ရုံများမှ ကောင်းမွန်သော ထုတ်လုပ်မှု ကျင့်စဉ်ကို ဆောင်ရွက်ထား သင့်ကြောင်း သိရသည်။

တရုတ်နိုင်ငံ AQSIQ အဖွဲ့မှ ဥရောပသမဂ္ဂ နိုင်ငံများရှိ ရေထွက်ပစ္စည်း တင်ပို့သည့် စက်ရုံ ၂ဝ ကိုလည်း ယခုနှစ်အတွင်း စစ်ဆေးရန် ရှိကြောင်း သိရသည်။ (၄၄၃)

မြ၀တီနေ့စဉ် ၊ စာ(၄)

No comments:

Post a Comment