Pages

Friday, January 22, 2016

ရန်ကုန်မြို့၏ အရှည်ဆုံး မော်တင်လူကူးခုံးကျော်တံတား ဇန်န၀ါရီလကုန်တွင် အများပြည်သူ အသုံးပြုရန် ဖွင့်လှစ်မည်



ရန်ကုန် ၊ ၂၂-၁-၂၀၁၆

ပြည်သူများ ယာဉ်အန္တရာယ် ကင်းရှင်းစေရန် ရည်ရွယ် တည်ဆောက်ခဲ့သော ရန်ကုန်တိုင်း ဒေသကြီး လမ်းမတော်မြို့နယ် မော်တင်လမ်းဆုံရှိ လူကူး ခုံးကျော်တံတား အား ဇန်နဝါရီလကုန် တွင် ပြည်သူများ အသုံးပြုနိုင် စေရန် ဖွင့်လှစ်ပေး တော့မည် ဖြစ်ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ (လမ်း၊ တံတားဌာန)မှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။

''မော်တင်လူကူး ခုံးကျော်တံတား ကို ဒီလကုန်တာနဲ့ အများပြည်သူတွေ အသုံးပြုလို့ ရအောင် ဆောင်ရွက် နေပါတယ်။ အခုက တံတားရဲ့ ကြံ့ခိုင်ရေးနဲ့ တံတားမှာ တပ်ထားတဲ့ စက်လှေကား တွေရဲ့ ကြံ့ခိုင်ရေးကို သက်ဆိုင်ရာ တာဝန်ရှိသူတွေ စစ်ဆေး နေပါတယ်။ လှေကား တပ်ဆင်တဲ့ အပိုင်းတွေလည်း အားလုံးပြီးစီး နေပါပြီ။ အများပြည်သူ အသုံးပြုဖို့ အတွက်ဆိုတော့ သေချာအောင် စစ်ဆေးမှုတွေ လုပ်နေတာပါ။ ပြီးတာနဲ့ အသုံးပြုခွင့် ပေးတော့မှာပါ'' ဟု ၄င်းက ဆက်လက် ပြောသည်။

မော်တင်လူကူး ခုံးကျော်တံတား ကို ရန်ကုန်မြို့တော် စည်ပင် သာယာရေး ကော်မတီမှ ၂ဝ၁၅ ခုနှစ် မတ်လတွင် စတင်၍ ကျပ် သိန်း ၇ဝဝဝ အကုန်အကျခံကာ တည်ဆောက်ခြင်း ဖြစ်ပြီး တံတားအရှည် မှာ ၂၇၁ ပေနှင့် အမြင့် ပေ ၂ဝ ရှိကြောင်း သိရသည်။

အဆိုပါ လူကူး ခုံးကျော်တံတား တွင် အတက်အဆင်း လှေကားငါးခု ပါရှိမည်ဖြစ်ကာ သုံးစင်းမှာ ရိုးရိုး အတက်အဆင်း ပြုလုပ်နိုင်မည် ဖြစ်ပြီး နှစ်စင်းမှာ စက်လှေကားများ ဖြစ်ကြောင်း သိရသည်။

မိုးအောင်

မြ၀တီနေ့စဉ် ၊ စာ(၆)

No comments:

Post a Comment