Pages

Monday, December 28, 2015

Smart Card ဖြင့် ပြည်ဝင်ခွင့်အတုများ ပြုလုပ်သည်ဟု သံသယရှိသောကြောင့် ပြည်ပအလုပ်အကိုင် ရှာဖွေရေး အေဂျင်စီ ခြောက်ခုကို အရေးယူမည်



ရန်ကုန် ၊ ၂၈-၁၂-၂၀၁၅

Smart Card နှင့် ပြည်ဝင်ခွင့်အတုများ ပြုလုပ်သည်ဟု သံသယရှိသော ပြည်ပ အလုပ်အကိုင် ရှာဖွေရေး အေဂျင်စီ ခြောက်ခုကို အရေးယူမည် ဖြစ်ကြောင်း သိရသည်။

အလုပ်သမား၊ အလုပ်အကိုင်နှင့် လူမှုဖူလုံရေး ဝန်ကြီးဌာနမှ သတ်မှတ်ချက် များကို လိုက်နာခဲ့ခြင်း မရှိသောကြောင့် ပြည်ပ အလုပ်အကိုင် ရှာဖွေရေး အေဂျင်စီများ အနက် ကုမ္ပဏီရှစ်ခုကို ထုတ်ပေးထားသည့် လုပ်ငန်း လိုင်စင်များ ပြန်လည် ရုပ်သိမ်းခြင်းဖြင့် အရေးယူမည် ဖြစ်ပြီး ကုမ္ပဏီ ခြောက်ခုကို စမတ်ကတ်နှင့် ပြည်ဝင်ခွင့် အတုများ ပြုလုပ်သည်ဟု သံသယ ရှိသောကြောင့် လုပ်ငန်းလိုင်စင်ကို ဆက်လက် ထုတ်မပေးဘဲ ဆိုင်းငံ့ အနေဖြင့် သတ်မှတ်ကာ လိုအပ်သည့် စုံစမ်း စစ်ဆေးမှုများ ပြုလုပ်သွားမည် ဖြစ်ကြောင်း သိရသည်။

အလုပ်သမား၊ အလုပ်အကိုင်နှင့် လူမှုဖူလုံရေး ဝန်ကြီးဌာန ခွင့်ပြုချက်ဖြင့် ပြည်ပ အလုပ်အကိုင် ရှာဖွေရေး လုပ်ငန်း ဆောင်ရွက်ခွင့် ရရှိထားသော ပြည်တွင်းကုမ္ပဏီ အရေအတွက်မှာ ၂၅ဝ ကျော်သာရှိပြီး သတ်မှတ် စည်းကမ်းများကို လိုက်နာခြင်း မရှိသော ပြည်ပ အလုပ်အကိုင် ရှာဖွေရေး အေဂျင်စီ ၂ဝ ကို အရေးယူ သွားမည်ဖြစ်ကြောင်း သိရသည်။ (၄၄၃)

မြ၀တီနေ့စဉ် ၊ စာ(၆)

No comments:

Post a Comment