Pages

Monday, December 28, 2015

၂၀၁၆-၂၀၁၇ ပညာသင်နှစ်တွင် ပညာသင်ကြားရန် အခက်အခဲရှိနေသော ကလေးများထဲမှ မိဘမရှိသူများကို ဦးစားပေး ပံ့ပိုးကူညီသွားမည်



ရန်ကုန် ၊ ၂၈-၁၂-၂၀၁၅

၂ဝ၁၅-၂ဝ၁၆ ပညာသင်နှစ်မှ စ၍ အခြေခံပညာ အတန်းအားလုံး အတွက် အခမဲ့ ကျောင်းအပ် ပညာရေး ဖြစ်သော်လည်း ကျောင်းမတက် နိုင်သေးသည့် ကလေးများ နှစ်စဉ်ရှိနေ သောကြောင့် ပံ့ပိုးကူညီမှုများ ပြုလုပ်မည် ဖြစ်ပြီး ၄င်းတို့ထဲမှ အမှန်တကယ် ဆင်းရဲပြီး မိဘမရှိ သူများကို ဦးစားပေး ပံ့ပိုးကူညီ သွားမည် ဖြစ်ကြောင်း ပညာရေး ဝန်ကြီးဌာနမှ တာဝန်ရှိသူ တစ်ဦး၏ ပြောကြားချက် အရ သိရသည်။

''အခုလို ဝန်ကြီးဌာနက ပံ့ပိုးကူညီတဲ့ နေရာမှာ အတန်းအလိုက် အဆင့်ဆင့် ပံ့ပိုး သွားမှာပါ။ ပညာသင်စရိတ် ပေးရာမှာလည်း အခြေခံပညာ မူလတန်းက စပြီး အထက်တန်း အထိ ပေးအပ်မှာပါ။ ဒီထဲကမှ တစ်မြို့နယ်မှာ ၁ဝ ဦးကနေ ၁၅ ဦးအထိ ပေးဖို့ ရှိပါတယ်။ ဒီလိုပေးတဲ့ နေရာမှာ တကယ်ဆင်းရဲပြီး မိဘမရှိတဲ့ သူတွေနဲ့ မိဘတစ်ဦးသာ ရှိသူ၊ နှစ်ဦးစလုံး မရှိသူကို ဦးစားပေး ကူညီသွားမှာပါ'' ဟု ၄င်းက ဆက်လက်ပြောသည်။

ယင်း ပညာသင်စရိတ် ကိုရယူ၍ နှစ်စတွင် လာရောက် ကျောင်းတက်ပြီး နောက်ပိုင်းတွင် လာရောက် မတက်မှုများ မရှိရအောင်လည်း စနစ်တကျ ကြပ်မတ် ဆောင်ရွက်မှုများ ပြုလုပ်သွားမည် ဖြစ်ကြောင်း သိရသည်။

ထို့ပြင် လာမည့် ပညာသင်နှစ်မှ စတင်၍ ပညာသင်စရိတ် ရရှိသူများ အနေဖြင့် ချမှတ်ထားသော စည်းကမ်းများအား လိုက်နာ ဆောင်ရွက်နိုင်မည် ဆိုပါက ဆက်လက်ပံ့ပိုး ကူညီသွားမည် ဖြစ်ကြောင်း သိရသည်။

ပညာသင်နှစ်စ တွင် ပေးအပ်မည့် ပညာသင် စရိတ်သည် စာသင်နှစ်စ အတွက် လုံလောက်မှုရှိပြီး နောက်ပိုင်းတွင် တစ်နှစ်လုံး ကုန်ကျမည့် စာအုပ်စာတမ်း ကြေးနှင့် ကျောင်းဝတ်စုံဖိုး ကိုပါ ပေးအပ်နိုင်ရန် စီစဉ်သွားမည် ဖြစ်ကြောင်း သိရသည်။

သီရိ

မြ၀တီနေ့စဉ် ၊ စာ(၁၂)

No comments:

Post a Comment