Pages

Thursday, December 3, 2015

ဆီးချိုဆေးတစ်မျိုးတွင် အိုမင်းရင့်ရော်မှုကို ကာကွယ်ပေးနိုင်သည့် အာနိသင် တွေ့ရှိ



နယူးယောက် ၊ ၃-၁၂-၂၀၁၅

လွန်ခဲ့သော နှစ်များအတွင်း လူ့ဘဝသက်တမ်း သည် ပို၍ရှည်လာ သည်ဆိုရာ အနာမဲ့စွာ အသက်ရှည်ခြင်း မဟုတ်ဘဲ သူငယ်နာ ပြန်ခြင်း၊ မှတ်ဉာဏ် ပျောက်ဆုံးခြင်း ကဲ့သို့ ဉာဏဝေဒနာ များအပြင် အဆစ်အမျက် နာကျင် ကိုက်ခဲခြင်း၊ ကြွက်သားများ အားနည်းခြင်း၊ အာရုံကြော အားနည်းခြင်း ကဲ့သို့ သာမန်ဝေဒနာ များအပြင် သက်ဖြစ်အင်္ဂါ အစိတ်အပိုင်း များ၏ ကျန်းမာရေး ကိုလည်း အထူးထိခိုက် စေနိုင်ရာ အသုံးများပြီး ဈေးသက်သာသော ဆီးချို ဆေးဝါးတစ်မျိုး တွင် အိုမင်းရင့်ရော် မှုကို ကာကွယ် ပေးနိုင်သည့် အာနိသင်ကို တွေ့ရှိခဲ့ကြောင်း၊ အမေရိကန် ပြည်ထောင်စု အဲလဘတ်အိုင်စတိုင်း ဆေးတက္ကသိုလ်မှ သုတေသီ များက ပြောပြသည်။

''အသက်ကြီး လာတဲ့အခါ ဖြစ်လာလေ့ရှိတဲ့ ကျန်းမာရေး ပြဿနာ အတော် များများကို မက်တဖော်မင်း ဆီးချိုဆေး သောက်ပေး စေတာဟာ ကာကွယ်လျှော့ချ နိုင်တာကို တွေ့ရပါတယ်။ အိုမင်းရင့်ရော် လာတယ်ဆိုတာ ခန္ဓာကိုယ်က ဆဲလ်အသစ် တွေကို မထုတ်ပေး တော့ဘဲ ဆဲလ်ပျက်စီးမှုဟာ တဖြည်းဖြည်း များလာတဲ့ အတွက် ကိုယ်လက်အင်္ဂါ လှုပ်ရှားမှု တွေကို စိတ်ထင်သလို လုပ်မရတဲ့ ဝေဒနာ မျိုးကို ခေါ်ပါတယ်။ မက်တဖော်မင်း ဆေးကို မှီဝဲလိုက်ရုံနဲ့ အချိန် ကြာလာတာနဲ့ အမျှ မိမိဟာ အိုမသွားဘဲ ပိုလို့တောင် တက်ကြွလန်းဆန်း နေပါလိမ့်မယ်'' ဟု သုတေသီ တစ်ဦးဖြစ်သူ နီယာဘာဇီလိုင်း က ပြောပြသည်။

''ဆီးချိုဖြစ်ရင် လူ့ဘဝ သက်တမ်း ရဲ့ ရှစ်နှစ်ကိုတော့ ဆုံးရှုံးရ ပါလိမ့်မယ်။ ဒါပေမဲ့ မက်တဖိုမင်း ဆေးဝါး သောက်သုံးပေးသူ တွေဟာ ဆီးချိုရောဂါ ရှိနေပြီး ဆီးချိုမရှိ သူတွေထက်တောင် အသက်ရှည် နေတာကို တွေ့ရပါတယ်။

မက်တဖိုမင်း ဟာ ဈေးကွက်ထဲမှာ ရှိနေတာ နှစ်ပေါင်း ၆ဝ မကတော့ပါဘူး။ အဲဒီအနှစ် ၆ဝ လုံးလုံးမှာ ကျွန်တော်တို့က မက်တဖိုမင်းရဲ့ အာနိသင် စွမ်းပကားကို မသိရှိခဲ့တဲ့ အတွက် သုံးရကောင်းမှန်း မသိတာပါ'' ဟု နိယာဘာဇီလိုင်း က ပြောပြသည်။

မက်တဖိုမင်း ဆေးဝါးသည် ကင်ဆာနှင့် ဆက်စပ်ပတ်သက် နေသော ဝေဒနာမျိုးစုံ၊ မြစ်ပွားနာ မျိုးစုံကိုလည်း ဖြည့်ဆည်းပေး နေပြီဖြစ်ကြောင်း သိရသည်။

''မက်တဖိုမင်း သောက်ရင် ကင်ဆာ ဖြစ်နိုင်ခြေ ၃ဝ ရာခိုင်နှုန်း လျော့နည်း သွားပါတယ်။ အဲဒီနည်းတူ ဆဲလ် သေဆုံးမှုကိုလဲ လျှော့ချပေး နိုင်ပြီး ဆဲလ်အသစ် ဖြစ်ပွားမှုကို အားပေးတဲ့ အတွက် ပုံမှန်မှီဝဲသူ အားလုံး ဟာ မနက် အဆာပြေ စားပြီးတဲ့နောက် မက်တဖိုမင်းကို ကျန်းမာရေး ဓာတ်စာအနေနဲ့ စားသုံးကြပါတယ်'' ဟု ၄င်းက ပြောပြ၍ သိရသည်။

ရတနာပုံနေ့စဉ် ၊ စာ(၁၂)

No comments:

Post a Comment