Pages

Thursday, December 3, 2015

ရန်ကုန်ဘူတာကြီး ခရီးသွားနားနေဆောင် များတွင် ခရီးသွားပြည်သူများ အတွက် လက်ကိုင်ဖုန်းများ ဘက်ထရီအခမဲ့အားသွင်း နိုင်ရန်စီစဉ်ပေးထား

 
ရန်ကုန် ၊ ၃-၁၂-၂၀၁၅

ရန်ကုန်ဘူတာကြီး ခရီးသွား နားနေဆောင် များတွင် ခရီးသွား ပြည်သူများအတွက် လက်ကိုင်ဖုန်းများ ဘက်ထရီအား ကုန်ခန်းသွား ပါက အခမဲ့အားသွင်း နိုင်ရန်စီစဉ် ဆောင်ရွက် ပေးထားကြောင်း မီးရထားစီး ခရီးသည်များနှင့် မြန်မာ့ မီးရထား သတင်းများအရ သိရသည်။

မြန်မာ့မီးရထား အနေဖြင့် ရထားစီး ခရီးသွား ပြည်သူများ အဆင်ပြေ အဆင့်မြင့်စွာ ခရီးသွားလာ နိုင်ရေးအတွက် မြန်မာ့ မီးရထားနှင့် ပတ်သက် ဆက်နွှယ်နေသည့် လုပ်ငန်းမှန်သမျှကို အဆင့်မြှင့်တင် မှုများ လုပ်ကိုင် ဆောင်ရွက်လျက် ရှိသည်။

ထို့အတူ မြန်မာ့မီးရထားစီး ခရီးသည်များ အဆင်ပြေ စိတ်ချမ်းသာစွာ ခရီးသွားလာ နိုင်ရေး အတွက်ကိုလည်း စီမံဆောင်ရွက် ပေးလျက် ရှိနေသည်။ ရထားစီး ခရီးသည်များ အဆင်ပြေ စိတ်ချမ်းသာစွာ ခရီးသွားလာနိုင်ရေး အတွက် စီမံဆောင်ရွက်မှု များတွင် ခရီးသည်များ ခရီးသွားလာ နေစဉ် မိမိတို့၏ လက်ကိုင်ဖုန်းများ ဘက်ထရီအား ကုန်ခန်းသွားပါက အခမဲ့ ဖုန်းဘက်ထရီ အားသွင်းနိုင်ရေး အတွက်လည်း စီမံဆောင်ရွက် ပေးထားကြောင်း သိရသည်။

ယခုအခါ မြန်မာနိုင်ငံ၏ ဆက်သွယ်ရေး လုပ်ငန်းများတွင် အရှိန်အဟုန်နှင့် ဖွံ့ဖြိုးတိုးတက် လာနေသဖြင့် တယ်လီဖုန်း ကိုင်ဆောင်သူ ဦးရေ အရေအတွက် မှာလည်း သိသိသာသာ တိုးတက်များပြား လာခဲ့သည်။ ထို့ကြောင့် ရထားစီးခရီးသွား ပြည်သူတိုင်းတွင် လက်ကိုင်ဖုန်းများ ယူဆောင်လာလေ့ ရှိသည်။ အဆိုပါ လက်ကိုင်ဖုန်း များမှာ သွားရင်း၊လာရင်း ဘက်ထရီကုန် ခန်းသွားပါက ခရီသွားပြည်သူများ အနေဖြင့် ဆက်သွယ်ရေး အခက်အခဲ ကြုံတွေ့ကြ ရမည်ဖြစ်သည်။ ထို့ကြောင့် မြန်မာ့ မီးရထားအနေဖြင့် ရထားစီး ခရီးသည်များ ဖုန်းဘက်ထရီ အားကုန်ခန်း သွားပါက ပြောဆိုဆက်သွယ် မှုများ အဆင်ပြေ စေရန်အတွက် ရန်ကုန် ဘူတာကြီးတွင် ဖုန်းဘက်ထရီ များကို အခမဲ့ အားသွင်းနိုင်ရန် စီမံဆောင်ရွက် ပေးထားခြင်း ဖြစ်ကြောင်း သိရသည်။ (၃၃၆)

ရတနာပုံနေ့စဉ် ၊ စာ(၁၀)

No comments:

Post a Comment