Pages

Thursday, December 3, 2015

တရုတ်နိုင်ငံက ကမ္ဘာ့အကြီးဆုံး ပုံတူပွားစက်ရုံမှ ကျွဲ နွား မြင်းတို့ကို ပုံတူပွား ထုတ်လုပ်သွားမည်



ပေကျင်း ၊ ၃-၁၂-၂၀၁၅

တရုတ်နိုင်ငံ၏ ကမ္ဘာ့အကြီးဆုံး ပုံတူပွားစက်ရုံ မှ လူတို့အတွက် အသုံးတည့်မည့် ကျွဲ ၊ နွား၊ မြင်း စသည်တို့ကို ပုံတူပွား ထုတ်လုပ်သွားမည် ဖြစ်ကြောင်း သိရသည်။

တရုတ်သည် ယခင်ကလည်း ဗီဇပုံတူပွားခြင်း လုပ်ငန်းကို အကြိမ်ကြိမ် ပြုလုပ်ခဲ့ဖူးပြီး ဖြစ်သည့်အတွက် သက်ရှိသတ္တဝါ တစ်ခုလုံးကို ပြန်လည်ကူးယူ Clone ဆွဲရာတွင် အဆင်ပြေလွယ် ကူလိမ့်မည်ဟု သုတေသီ များက ပြောပြသည်။

''တရုတ်နိုင်ငံက ကမ္ဘာ့အကြီးဆုံး Clone ပုံတူပွားလို့ ရတဲ့ စက်ရုံကြီး တစ်ရုံကို တည်ဆောက် နေပါတယ်။ အစိုးရက အကုန်အကျခံ တည်ဆောက်တာပါ။ တျန်ဂျင်း ဆိပ်ကမ်းမှာ ဆောက်လုပ် နေတဲ့ ဒီစက်ရုံကြီးဟာ ၂ဝ၁၆ ခုနှစ် အလယ်ပိုင်း လောက်မှာ လည်ပတ် နိုင်ပါလိမ့်မယ်။ အမေရိကန် ဒေါ်လာ သန်း ၅ဝဝ အကုန်အကျခံ တည်ဆောက်သွားမှာ ဖြစ်ပြီး ပထမဆုံးတော့ အစားအစာ အတွက် အသုံးပြုနိုင်မယ့် နွားတွေကို Clone ဆွဲကြည့်မှာ ဖြစ်ပါတယ် " ဟု တာဝန် ရှိသူတစ်ဦးက ပြောပြသည်။

''ပုံတူပွား နည်းပညာဆိုတာ ရှိခဲ့တာ ကြာလှပါပြီ။ လူတိုင်းက ရုတ်တရက် မသိကြတာပါ။ သိတယ်ပဲ ထားအုံးတော့ ပုံတူပွား နည်းပညာကို မတတ်ကျွမ်း ကြပါဘူး။ ဒီတော့ အစစအရာရာ အဆင်ပြေ လွယ်ကူ ချောမွေ့ပြီး တရုတ် တစ်နိုင်ငံလုံး အတွက် အသား လိုအပ်ချက်ကို Clone လုပ်ပြီး ထုတ်ပေးနိုင်မှာ ဖြစ်ပါတယ်။ အပြစ် အနာအဆာ ပါ ကောင်းသွား ပါလိမ့်မယ်။ စိစစ်ဖို့ ဆိုတာ မိမိတာဝန်ပဲ ဖြစ်ပါတယ်'' ဟု သုတေသီများက ပြောပြသည်။

သို့ဖြစ်၍ လာမည့်နှစ် အတွင်း တရုတ်နိုင်ငံသည် Clone ပုံတူပွားထားသော အသားများကို ဈေးကွက်တွင် စတင်ရောင်းချ တော့မည်ဖြစ်ပြီး သဘာဝအသား နှင့်ခွဲမရအောင် တူညီနေသော အသားတု များသည် အရသာ အားဖြင့်လည်း သဘာဝ အသားနှင့် မခြား ရှိနေလိမ့်မည်ဟု သုတေသီများက မျှော်လင့် ထားကြောင်း သိရသည်။

ရတနာပုံနေ့စဉ် ၊ စာ(၁၂)

No comments:

Post a Comment