Pages

Wednesday, December 23, 2015

ဆောင်းရာသီတွင် နှင်းများဖုံးနေတတ်သော ကချင်ပြည်နယ် အရှေ့မြောက်ဖျားရှိ ပန်ဝါမြို့ အလည်အပတ်ခရီးစဉ်ကို ပြည်တွင်းခရီးသွားများ စိတ်ဝင်စားမှုမြင့်တက်



ပန်ဝါ ၊ ၂၃-၁၂-၂၀၁၅

ကချင်ပြည်နယ် အရှေ့မြောက်ဖျား ရှိ နှင်းများ ဖုံးနေတတ်သော ပန်ဝါမြို့ အလည်အပတ် ခရီးစဉ်ကို ယခုနှစ်အတွင်း စတင်စီစဉ် လာကြရာ ပြည်တွင်း ခရီးသွားများ အနေဖြင့် စိတ်ဝင်စားမှု မြင့်တက်နေကြောင်း ခရီးသွားလုပ်ငန်း လုပ်ကိုင်သူများ ထံမှ သိရသည်။

အဆိုပါခရီးစဉ်ကို နယ်မြေ အသစ်အဆန်း ဖော်ထုတ်လိုသော ရည်ရွယ်ချက်ဖြင့် ဆောင်ရွက်ခဲ့ခြင်း ဖြစ်ပြီး ဒီဇင်ဘာလမှ ဖေဖော်ဝါရီလ အတွင်း သွားရောက်ပါက နှင်းများကို မြင်တွေ့နိုင်မည် ဖြစ်သည်။ ထို့ကြောင့် ဒီဇင်ဘာလမှစ၍ အဆိုပါ အလည်အပတ် ခရီးစဉ်ကို စတင် ဆောင်ရွက်လျက်ရှိပြီး ၇ ရက်၊ ၈ ရက် ခရီးစဉ်များဖြစ်၍ ဈေးနှုန်းမှာ တစ်ဦးလျှင် ကျပ်လေးသိန်းခွဲမှ ငါးသိန်းခွဲအထိ ရှိကြောင်း သိရသည်။

Tango ခရီးသွားလုပ်ငန်းမှ မြစ်ကြီးနား -ပန်ဝါ ခရီးစဉ်ကို စီစဉ်ခြင်း ဖြစ်ပြီး မေခ - မလိခ မြစ်ဆုံဒေသ၊ ခရစ်ယာန် ဘာသာဝင်များ အတွက် ဂျော်ဘွမ်တောင်၊ ကန်ပိုက်တီး - ဂူရုံ နယ်စပ်၊ ပန်ဝါမြို့နှင့် ထိန်ချုံးမြို့ရှိ ရှေးဟောင်း သမိုင်းပြတိုက် စသည့် နေရာများသို့ သွားရောက်ကြမည် ဖြစ်သည်။

တရုတ်နိုင်ငံနှင့် နယ်နိမိတ်ချင်း ထိစပ်လျက် ရှိသောကြောင့် ခရီးသွား လုပ်ငန်းများမှ ပန်ဝါခရီးစဉ်ကို တရုတ်နိုင်ငံ အလည်အပတ် ခရီးစဉ်များ နှင့်လည်း တွဲဖက်စီစဉ် ထားကြောင်း သိရသည်။

ပန်ဝါမြို့သည် ချီဖွေချောင်းဖျား နှင့် တရုတ်ပြည်သူ့ သမ္မတနိုင်ငံ၊ ထိန်ချုံးခရိုင် တိန့်ထန်း နယ်စပ်မြို့လေး နှင့် ထိစပ်လျက် ရှိသည့် မြို့တစ်မြို့ဖြစ်ပြီး နှစ်စဉ် နှင်းခဲတတ်သည့် တောင်တန်းရှည် ကြီးများ ဝန်းရံ ထားကာ မြန်မာ- တရုတ် နယ်စပ်မြောက်ဘက် မှတ်တိုင်အမှတ် (၄) ကျောက်တိုင် ရှိသည့် တောင်ကြားမြို့ လည်း ဖြစ်ကြောင်း သိရသည်။ (၄၄၇)

မြ၀တီနေ့စဉ် ၊ စာ(၆)

No comments:

Post a Comment