Pages

Wednesday, December 23, 2015

ပခုက္ကူစက်မှုဇုန်တွင် ရင်းနှီးမြှုပ်နှံမှု နည်းပါးပြီး လုပ်ငန်းအားလုံး၏ ၃၀ ရာခိုင်နှုန်းခန့်သာ လည်ပတ်နိုင်



ပခုက္ကူ ၊ ၂၃-၁၂-၂၀၁၅

မကွေးတိုင်းဒေသကြီး ပခုက္ကူမြို့ရှိ ပခုက္ကူ စက်မှုဇုန် တွင်စက်မှုလုပ်ငန်းများ လည်ပတ်မှု အခြေအနေမှာ ရင်းနှီးမြှုပ်နှံသူ နည်းပါးပြီး လုပ်ငန်း အားလုံး၏ ၃ဝ ရာခိုင်နှုန်း ခန့်သာ လည်ပတ်လျက် ရှိကြောင်း အဆိုပါ စက်မှု ဇုန် သတင်းများ အရ သိရသည်။

ပခုက္ကူ စက်မှုဇုန်ကို စတင် တည်ထောင်ခဲ့စဉ်က လုပ်ငန်းပေါင်း ၁၃ မျိုးခန့်ရှိကြောင်း၊ အဆိုပါ လုပ်ငန်းများမှ ဂျစ်ကား ထုတ်လုပ်မှု၊ လိုက်ထရပ်ကား ထုတ်လုပ်မှု၊ မော်တော်ဆိုင်ကယ် ထုတ်လုပ်မှု များမှာ အောင်မြင်ခဲ့ပြီး ရှစ်နှစ် မှ ၁ဝ နှစ်ထိ လုပ်ငန်းများ ကောင်းမွန်စွာ လည်ပတ်ခဲ့ကြောင်း သိရသည်။

၂ဝ၁ဝ ပြည့်နှစ် နောက်ပိုင်းတွင် ပြည်ပမှ မော်တော်ကား တင်သွင်းခွင့်ပြု လိုက်ပြီးနောက် ပခုက္ကူ စက်မှုဇုန်ရှိ မော်တော်ကား ထုတ်လုပ်မှု များသည် တဖြည်းဖြည်း ပျောက်ကွယ် သွားခဲ့ရာ ယခုအချိန်၌ လုံးဝရပ်တန့်ခဲ့ ရကြောင်း၊ ရင်းနှီးမြှုပ်နှံသူများ အနေဖြင့် ဈေးနှုန်း၊ ဈေးကွက်အရ ပြည်ပမှ တင်သွင်းေ သာ မော်တော်ကားများကို ယှဉ်ပြိုင် ထုတ်လုပ်နိုင်မှု မရှိကြောင်း သိရသည်။

လက်ရှိ လည်ပတ်နေသော လုပ်ငန်းများမှာ စားသောက်ကုန် လုပ်ငန်းဖြစ်သော ဆီးခွဲစက်၊ ပဲခွဲ အမှုန့်ကြိတ်စက်၊ မုန့်ဖုတ်လုပ်ငန်း၊ ဝတ်ဆင်ရေး လုပ်ငန်းဖြစ်သော ရက်ကန်းလုပ်ငန်း၊ နေထိုင်ရေး လုပ်ငန်းဖြစ်သော သစ်လုပ်ငန်း၊ ကားဝပ်ရှော့ လုပ်ငန်းများသာ လည်ပတ်နေပြီး လုပ်ငန်း ၇ဝ ရာခိုင်နှုန်း ခန့်မှာ လည်ပတ်နိုင်ခြင်း မရှိတော့ကြောင်း သိရသည်။

ပခုက္ကူ စက်မှုဇုန်တွင် ရင်းနှီးမြှုပ်နှံမှုများ လိုအပ်လျက် ရှိပြီး လုပ်ငန်း ၁၃ မျိုးရှိသည့်အနက် သုံး၊ လေးမျိုးသာ လည်ပတ်နိုင်ကြောင်း၊ စက်မှုဇုန် ဖွံ့ဖြိုးပြီး လုပ်ငန်းများ လည်ပတ်နိုင်ရန် ရင်းနှီးမြှုပ်နှံမှုများ လိုအပ်လျက် ရှိကြောင်း အဆိုပါ စက်မှုဇုန် သတင်းများ အရ သိရသည်။ (၁၈ဝ)

ရတနာပုံနေ့စဉ် ၊ စာ(၁၁)

No comments:

Post a Comment