Pages

Friday, December 4, 2015

၂ဝ၁၅ ခုနှစ် စာပေဗိမာန်စာမူဆုများ အတွက် စာမူပေးပို့ရက် တိုးမြှင့်သတ်မှတ်


ရန်ကုန် ၊ ၄-၁၂-၂ဝ၁၅

၂ဝ၁၅ ခုနှစ် စာပေဗိမာန် စာမူဆုပြိုင်ပွဲ အတွက် စာမူများကို ၂ဝ၁၅ ခုနှစ် ဒီဇင်ဘာ ၃၁ ရက် နောက်ဆုံးပေးပို့ရန် မူလက သတ်မှတ်ထား သော်လည်း ယခုအခါ စာမူများကို ၂ဝ၁၆ ခုနှစ် မတ် ၁၅ ရက်အထိ လက်ခံ သွားမည် ဖြစ်ကြောင်း သိရသည်။

စာပေဗိမာန် စာမူဆု ပြိုင်ပွဲတွင် ယခင် သတ်မှတ်ထားသည့် ဘာသာရပ် ၁၃ မျိုးအတိုင်း ပြိုင်ပွဲဝင် စာမူများကို သတ်မှတ်ထားသည့် စည်းကမ်းချက် များနှင့်အညီ ပါဝင်ယှဉ်ပြိုင် နိုင်သည်။

ပြိုင်ပွဲဝင်ပုံစံ များကို စာတည်းမှူးချုပ် ၊ အမှတ်(၅၂၉/၅၃၁) ကုန်သည်လမ်း ၊ စာပေဗိမာန်တွင် ရယူနိုင်ပြီး နယ်မှ စာမူတင်သွင်း လိုသူများသည် ငွေကျပ် ၁၂ဝဝ ပေးပို့၍ ပြိုင်ပွဲဝင်ပုံစံများ မှာယူနိုင်ကြောင်း သိရသည်။

စာပေဗိမာန် စာမူဆုများ ရွေးချယ်ချီးမြှင့် ရာတွင် စာမူများကို စိစစ်ရွေးချယ်မှု ပုံသဏ္ဌာန် ပြောင်းလဲလာခြင်း၊ ခေတ်စနစ်နှင့် လျော်ညီစွာ ဆုကြေးငွေများ တိုးမြှင့် ပေးအပ်ခြင်း တို့ကြောင့် စိတ်ဝင်စားစွာ ယှဉ်ပြိုင်လိုသူ များပြားလာ နေ၍ ပါဝင်ယှဉ်ပြိုင် လိုသော ဝါသနာရှင် များ၏ဆန္ဒကို ဖြည့်ဆည်း ပေးသည့်အနေဖြင့် ယခုကဲ့သို့ စာမူ လက်ခံသည့်ရက် တိုးမြှင့် သတ်မှတ်ပေး ရခြင်းဖြစ်ကြောင်း စာပေဗိမာန် စာပေဆုများ အုပ်ချုပ် ထောက်ပံ့မှု ကော်မတီ မှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။

မြ၀တီနေ့စဉ် ၊ စာ(၉)

No comments:

Post a Comment