Pages

Friday, December 4, 2015

မလေးရှားနိုင်ငံ ရေတပ်မှစစ်ရေယာဉ် ရန်ကုန်မြို့သို့ရောက်ရှိ


ရန်ကုန်မြို့ သီလ၀ါဆိပ်ကမ်း MITT တံတားသို့ ရောက်ရှိလာသည့် မလေးရှားနိုင်ငံရေတပ်မှ စစ်ရေယာဉ် RMNS KD SELANGOR 

နေပြည်တော် ၊ ၄-၁၂-၂ဝ၁၅

မလေးရှားနိုင်ငံ ရေတပ်မှ စစ်ရေယာဉ် RMNS KD SELANGOR  သည် မြန်မာနိုင်ငံသို့ ချစ်ကြည်ရေး ခရီးစဉ်အဖြစ် ရန်ကုန်မြို့၊ သီလဝါဆိပ်ကမ်း MITT တံတားသို့ ယမန်နေ့ နံနက် ၈ နာရီခွဲတွင် ရောက်ရှိလာရာ တပ်မတော်(ရေ)မှ အရာရှိကြီးများနှင့် အရာရှိ၊ စစ်သည်များက ကြိုဆိုနှုတ်ဆက် ကြသည်။

အဆိုပါ စစ်ရေယာဉ်တွင် မလေးရှားနိုင်ငံ ရေတပ်မှ Deptuy Fleet Commander and Chief of Staff in Fleet Command Headquarters, Rmm ဖြစ်သူ First Admiral Ong Thiam Hock ဦးစီး၍ စစ်ရေယာဉ်မှူး Cdr Saravanan နှင့် အရာရှိ ၁၅ ဦး၊ စစ်သည် ၈ဝ ဦး စုစုပေါင်း ၉၅ ဦး လိုက်ပါလာပြီး မြန်မာနိုင်ငံတွင် ဒီဇင်ဘာ ၇ ရက်အထိ ငါးရက်ကြာ နေထိုင်လေ့လာ လည်ပတ် သွားမည် ဖြစ်ကြောင်း သိရှိရသည်။

မြ၀တီနေ့စဉ် ၊ စာ(၁၅)

No comments:

Post a Comment