Pages

Friday, December 4, 2015

ပြည်ထောင်စု တိုင်းရင်းသားလူငယ်များ စွမ်းရည်ဖွံ့ဖြိုးရေး ဒီဂရီကောလိပ် (ရန်ကုန်) ၂၀၁၅-၂၀၁၆ ပညာသင်နှစ်သင်တန်းဖွင့်


ရန်ကုန် ၊ ၄-၁၂-၂၀၁၅

ပြည်ထောင်စု တိုင်းရင်းသား လူငယ်များ စွမ်းရည်ဖွံ့ဖြိုးရေး ဒီဂရီကောလိပ် (ရန်ကုန်) ၂ဝ၁၅-၂ဝ၁၆ ပညာသင်နှစ် သင်တန်းဖွင့်ပွဲ အခမ်းအနားကို ယမန်နေ့ နံနက် ၁ဝ နာရီတွင် အဆိုပါကောလိပ် ဘွဲ့နှင်းသဘင် ခန်းမ၌ ကျင်းပသည်။

သင်တန်းဖွင့်ပွဲတွင် ကျောင်းအုပ်ကြီး ဒေါက်တာ မင်းသန့် က ပြည်ထောင်စု တိုင်းရင်းသား လူငယ်များ အဆင့်မြင့်ပညာ မြင့်မားပြီး တန်ဖိုးရှိသော အသိပညာရှင်၊ အတတ်ပညာရှင် များ ဖြစ်လာစေရန် ၂ဝဝဝ ပြည့်နှစ်မှ စတင် ဖွင့်လှစ်သင်ကြား ခဲ့ရာ ၂ဝ၁၄-၂ဝ၁၅ ခုနှစ်အထိ ရန်ကုန်နှင့် စစ်ကိုင်း နှစ်ကျောင်းပေါင်း ကျောင်းသား စုစုပေါင်း ၂၄၂၂ ဦးကို ဘာသာရပ် အလိုက်ဘွဲ့ရ လူငယ်များ အဖြစ်မွေးထုတ် ပေးခဲ့ပြီးဖြစ်ရာ နယ်စပ်ဒေသ အသီးသီး တွင် တာဝန်ထမ်းဆောင် နေပြီ ဖြစ်ကြောင်း၊ ၂ဝ၁၅-၂ဝ၁၆ ခုနှစ်တွင် ဒုတိယနှစ် (ဝိဇ္ဇာ) မြန်မာစာ အထူးပြု ၁၆ ဦး၊ ပထဝီဝင် အထူးပြု ၁၅ ဦး၊ ဒုတိယနှစ် (သိပ္ပံ) ဓာတုဗေဒ အထူးပြု ၂၃ ဦး၊ ရူပဗေဒ အထူးပြု ၂၄ ဦး၊ သင်္ချာအထူးပြု ၂၄ ဦး၊ AGTI မြို့ပြ အထူးပြု ၁၇ ဦး၊ စက်မှု အထူးပြု ၁၈ ဦး၊ လျှပ်စစ်စွမ်းအား အထူးပြု ၁၉ ဦး၊ အီလက်ထရွန်နစ် အထူးပြု ၁၇ ဦး၊ စတုတ္ထနှစ် (ဝိဇ္ဇာ) ၃၈ ဦး၊ သိပ္ပံ ၁၉၉ ဦး၊ B.Tech မြို့ပြ ၃၃ ဦး၊ စက်မှု ၃၅ ဦး၊ လျှပ်စစ်စွမ်းအား ၃၄ ဦးနှင့် အီလက်ထရွန်နစ် ၃၄ ဦး တက်ရောက် သင်ကြားနိုင်မည် ဖြစ်ကာ စားရေး၊ နေရေး၊ ကျောင်းဝတ်စုံ၊ သင်ကြားရေး အထောက်အကူပြု စာရေး ကိရိယာ အပါအဝင် ကျန်းမာရေး စောင့်ရှောက်မှုပါ  အခမဲ့စီစဉ် ထားပြီး တက္ကသိုလ်ပညာကို အခမဲ့သင်ယူ နိုင်အောင် ဆောင်ရွက်ထားသည့် အတွက် ကျောင်းသားများ အနေဖြင့် ကြိုးစားလေ့လာ သင်ကြားကြရန် ပြောကြားသည်။

အဆိုပါ သင်တန်း ဖွင့်ပွဲတွင် ဒုတိယ ကျောင်းအုပ်ကြီး၊ ညွှန်ကြားရေးမှူးများ၊ ပါမောက္ခ၊ ဌာနမှူးများ၊ ဆရာ၊ ဆရာမများ၊ ဝန်ထမ်းများ၊ ဒုတိယနှစ် ဝိဇ္ဇာ/သိပ္ပံ၊ AGTI ကျောင်းသားများ၊ စတုတ္ထနှစ် ဝိဇ္ဇာ/သိပ္ပံ ကျောင်းသား များနှင့် B.Tech ကျောင်းသားများ တက်ရောက် ခဲ့ကြောင်း သိရှိရသည်။

ကိုကြီးစိုး (ဆိပ်ကမ်း)

မြဝတီနေ့စဉ် ၊ စာ(၉)

No comments:

Post a Comment