Pages

Friday, December 18, 2015

မန္တလေးမြို့ မန္တလေးတောင် ပန်းချီပြခန်းတွင် ဆောင်းအမှတ်တရ ပန်းချီပြပွဲ ပြသမည်



မန္တလေး ၊ ၁၈-၁၂-၂၀၁၅

'ဆောင်းအမှတ်တရ ပန်းချီပြပွဲ' ပွဲစဉ်(၁)ဟု အမည်ပေးထားပြီး ဝါရင့် ပန်းချီ ဆရာကြီးများ ပါဝင်ရေးဆွဲ ထားသည့် ဆောင်းအမှတ်တရ ပန်းချီပြပွဲ ပွဲစဉ်(၁)ကို မန္တလေးမြို့ မန္တလေးတောင် ပန်းချီပြခန်း (ခြင်္သေ့ကြီး နှစ်ကောင်အနီး) တွင် ၂ဝ၁၆ ခုနှစ် ဇန်နဝါရီ ၁ ရက်မှ ၇ ရက်ထိ ပြသထားမည် ဖြစ်သည်။

ပြပွဲတွင် ပြသရန်အတွက် ဝါရင့်ဆရာကြီး များက ပန်းချီကား များကို လက်တွေ့ ရေးဆွဲနေပြီ ဖြစ်သည်။ အချို့ပန်းချီ ဆရာများ ကလည်း ရေးဆွဲပြီး ပြသရန် အဆင်သင့် ဖြစ်သူများလည်း ရှိပြီဖြစ်သည်။

ပါဝင်ရေးဆွဲ ပြသမည့် ဝါရင့် ပန်းချီဆရာကြီး များမှာ ဆရာကြီး ဦးခင်မောင်သန်း (မန္တလေး)၊ ဆရာကြီး ဦးဇော်ဝင်း (သစ်ထွင်း)၊ ဆရာကြီး ဦးမာလာ၊ ဆရာကြီး ဦးခင်မောင်စန်း၊ ဆရာကြီး ဦးလှထွန်း (ဆီဆေး)၊ ဆရာကြီး ဦးအောင်သန်း၊ ဆရာကြီး ဦးစိုးဝင်း (ရွှေလက်ရာ)၊ ဆရာ ဦးလွန်သိန်း၊ ဆရာ ဦးမင်းလွင် (ယဉ်ကျေးမှု)၊ ဆရာ ဒေါက်တာ တင်ဌေးအောင် (ယဉ်ကျေးမှု)၊ ဆရာ စိုးဝင်းအောင်၊ ဆရာမြင့်ထွန်း (ဏသူ) ၊ ဆရာမျိုးမြင့်သိုက်၊ ဆရာ ပန်းချီလူမော် နှင့် ဆရာ မိုးဦးပန်းချီ တို့၏ ပန်းချီကားများ ပါဝင်မည် ဖြစ်သည်။

ပြပွဲကို ဇန်နဝါရီ ၁ ရက်မှ ၇ ရက်ထိ ပြသထားမည် ဖြစ်ပြီး စိတ်ပါဝင်စားသူ မည်သူမဆို လာရောက်ကြည့်ရှု နိုင်ကြောင်း၊ ဆက်လက်၍ ပြပွဲ အစီအစဉ် (၂) ကို ပြသရန် စီစဉ်လျက် ရှိကြောင်း ပြပွဲ စီစဉ်သူ ဦးမြင့်ထွန်း က ပြောပြ၍ သိရသည်။

ခင်ခင်ဝင်း (ပညာရေး)

ရတနာပုံနေ့စဉ် ၊ စာ(၁၄)

No comments:

Post a Comment