Pages

Thursday, December 3, 2015

၂၀၁၆ ဘောလုံးရာသီတွင် နိုင်ငံတကာပြိုင်ပွဲ များကို မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပမည်



ရန်ကုန် ၊ ၃-၁၂-၂၀၁၅

မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် MFF သည် ၂ဝ၁၆ ခုနှစ် ဘောလုံးရာသီတွင် နိုင်ငံတကာပြိုင်ပွဲ များကို အိမ်ရှင်အဖြစ် လက်ခံ ကျင်းပသွားမည် ဖြစ်ကြောင်း ထုတ်ပြန် ကြေညာခဲ့သည်။

အိန္ဒိယနိုင်ငံတွင် ကျင်းပ ပြုလုပ်သည့် အာရှဘောလုံး အဖွဲ့ချုပ် ၏ တစ်နှစ်တာ အကောင်းဆုံး ဆုများ ပေးအပ်ပွဲသို့ ရောက်ရှိနေသည့် မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် အထွေထွေ အတွင်းရေးမှူး ဦးတင်အောင်နှင့် အာဆီယံ ဘောလုံး အဖွဲ့ချုပ်မှ တာဝန်ရှိ သူများသည် အာရှနှင့် အာဆီယံ နိုင်ငံများတွင် ကျင်းပ ပြုလုပ်လျက် ရှိသည့် ဘောလုံးပြိုင်ပွဲ များကို အိမ်ရှင်အဖြစ် လက်ခံ ကျင်းပမည့် ပွဲစဉ်များနှင့် ပတ်သက်၍ အစည်းအဝေး တစ်ရပ် ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။

အဆိုပါ အစည်းအဝေးမှ အာရှ နိုင်ငံများနှင့် အာဆီယံ နိုင်ငံများတွင် ယှဉ်ပြိုင် ကစားကြသည့် ဘောလုံးပြိုင်ပွဲ များအနက် ၂ဝ၁၆ ဆူဇူကီးဖလား အုပ်စုပွဲစဉ်များ မဲနှိုက် ရွေးချယ်ပွဲ၊ အာဆီယံ ဖူဆယ် ကလပ် ချန်ပီယံရှစ် ပြိုင်ပွဲများနှင့် အာဆီယံ အမျိုးသမီး ချန်ပီယံရှစ် ပြိုင်များကို မြန်မာနိုင်ငံက လက်ခံ ကျင်းပရမည် ဖြစ်သည်။

၂ဝ၁၆ ဆူဇူကီးဖလား အုပ်စု ပွဲစဉ်များ မဲနှိုက် ရွေးချယ်ပွဲကို ၂ဝ၁၆ ခုနှစ် သြဂုတ် ၃ ရက်တွင် ရန်ကုန်မြို့၌ လည်းကောင်း၊ အာဆီယံ ဖူဆယ်ကလပ် ချန်ပီယံရှစ် ပြိုင်ပွဲကို ၂ဝ၁၆ ခုနှစ် ဇူလိုင် ၇ ရက်မှ ၁၆ ရက်ထိ ရန်ကုန်မြို့၌ လည်းကောင်း၊ အာဆီယံ အမျိုးသမီး ချန်ပီယံရှစ် ဘောလုံးပြိုင်ပွဲ များကို ၂ဝ၁၆ ခုနှစ် ဇူလိုင်လ ၂၄ ရက်မှ သြဂုတ် ၅ ရက်ထိ မန္တလေးမြို့၌ လည်းကောင်း ကျင်းပ ပြုလုပ်သွားမည် ဖြစ်ပြီး အာဆီယံ ဆူဇူကီး ဖလား နောက်ဆုံးအဆင့် အုပ်စုပွဲစဉ်များ ကိုလည်း ၂၀၁၆ ခုနှစ် နိုဝင်ဘာ ၁၉ ရက်မှ ဒီဇင်ဘာ ၁၇ ရက်ထိ ရန်ကုန်မြို့၌ ကျင်းပသွားမည် ဖြစ်ကြောင်း သိရသည်။

ရတနာပုံနေ့စဉ် ၊ စာ(၆)

No comments:

Post a Comment