Pages

Thursday, December 3, 2015

ပြင်ဦးလွင်မြို့ သို့ ယခုနှစ်အလည်အပတ် သွားသူအများစု ဂုတ်ထိပ်တံတား လေ့လာရေးခရီးစဉ် သစ်ကိုပါ ထည့်သွင်းသွားလာမှု များလာ



မုံရွာ ၊ ၃-၁၂-၂၀၁၅

ယခုနှစ် ကထိန်ရာသီတွင် မုံရွာမြို့မှ ပြင်ဦးလွင်မြို့ အနီး ဘုန်းတော်ကြီး ကျောင်းများသို့ တန်ဆောင်တိုင် မီးပုံးပျံပွဲသွားရင်း ကထိန် အလှူကို ပြုလုပ်ကြရာတွင် ခရီးစဉ်သစ် အဖြစ် နောင်ချိုမြို့အနီး သဘာဝအလှ များဖြင့် တည်ရှိနေ သော ဂုတ်ထိပ် တံတားကြီးသို့ သွားရောက် လေ့လာမှုများ လာကြောင်း သိရသည်။

နောင်ချိုမြို့ အနီးတွင် တည်ရှိသော ဂုတ်ထိပ်တံတား ရှုခင်းကို ခံစားရင်း မကြာမီကမှ ခွင့်ပြုထားသော တံတားကြီးပေါ် တက်ရောက် လေ့လာမှုများ ကိုလည်း ပြုလုပ်ကြရာ နောင်ချိုမြို့မှ ဂုတ်ထိပ်တံတား သီးသန့်လေ့လာ နိုင်ရန် လူ ၂ဝ ဆံ့ ရထားဖြင့် ပို့ဆောင်ခြင်း ဝန်ဆောင်မှု ပြုပေးလျက် ရှိကြောင်း သိရသည်။

ထိုသို့ ဝန်ဆောင်မှု ပြုရာတွင် ခရီးသွား တစ်ဦးလျှင် ငွေကျပ် ၅ဝဝဝ ဖြင့် လူဦးရေ ၂ဝ ပြည့်မှ ဂုတ်ထိပ်တံတား လေ့လာခြင်း ခရီးကို နောင်ချိုမြို့မှ ထွက်ခွာပေးခြင်း ဖြစ်ကြောင်း သိရသည်။

''ပြင်ဦးလွင်ကနေ နောင်ချိုကို ကားလမ်းကောင်းလို့ ခဏနဲ့ပဲ သွားရပါတယ်။ ဂုတ်ထိပ်တံတား ကိုတော့ ခြေကျင် အနည်းငယ်သွားရင် ရောက်ပါတယ်။ အရင်က တံတားပေါ် တက်လမ်းလျှောက် လေ့လာခွင့် မပြုပါဘူး။ ခွင့်ပြုတာ မကြာသေးတော့ ဂုတ်ထိပ်တံတား ပေါ် လမ်းလျှောက်ပြီး ရှုခင်းကြည့် ချင်တဲ့ သူတွေများ လာတာ တွေ့ရပါတယ်။ အရသာကတော့ ရှုခင်းက အလွန် လှတာရော မြင့်မားလှ တဲ့ တံတားကြီးပေါ် အသည်းတအေးအေး သွားရတာ တွေဟာ ခံစားမှုအသစ်ကို ရရှိစေတာ အမှန်ပါ။ ဒါပေမဲ့ တံတားကြီးပေါ် လမ်းလျှောက် သွားရတာ ကြောက်တတ် သူတွေ၊ နှလုံးမကောင်းတဲ့ သူတွေအတွက် မကောင်းပါဘူး။ လမ်းလျှောက် မသွားဘဲ နောင်ချိုကနေ တံတားအတွက် သီးသန့် ပြေးပေးတဲ့ရထားကို စောင့်စီးတာ အကောင်းဆုံးပါ ''ဟု ဂုတ်ထိပ်တံတား လေ့လာခဲ့သူ လူငယ်တစ်ဦးက ပြောပြသည်။

ထို့ပြင် ဒီဇင်ဘာလအတွင်း ပြင်ဦးလွင်မြို့ အမျိုးသား ကန်တော်ကြီး ဥယျာဉ်ကြီး၌ ပန်းပွဲတော်ကို ကျင်းပတော့မည် ဖြစ်ရာ ဆောင်းဥတု၏ အအေးဆုံးလ ဖြစ်သောကြောင့် အအေးသက်သာ စေမည့် မှန်လုံယာဉ် အကြီး၊ အသေးကားများ အငှားသွက် နိုင်ကြောင်း ကြိုတင်ငှားထား သူများ များပြားကြောင်း သိရသည်။ (၃၃၄)

ရတနာပုံနေ့စဉ် ၊ စာ(၉)

No comments:

Post a Comment