Pages

Wednesday, December 2, 2015

တပ်မတော်မြစ်တွင်းသွား ဆေးရုံရေယာဉ် (ရွှေပုဇွန်)နှင့် မြစ်ရေယာဉ်-စကုတို့ ဧရာဝတီမြစ်ရိုး တစ်လျှောက်ရှိ ကျေးရွာများသို့ ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ရန် ထွက်ခွာ


တပ်မတော်မြစ်တွင်းသွား ဆေးရုံရေယာဉ် (ရွှေပုဇွန်) နှင့် မြစ်ရေယာဉ်-စကု တို့ ဧရာဝတီမြစ်ရိုး တစ်လျှောက်ရှိ ကျေးရွာများသို့ ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်ရန် ထွက်ခွာ

နေပြည်တော် ၊ ၂-၁၂-၂ဝ၁၅

တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်၏ လမ်းညွှန်မှုဖြင့် တပ်မတော် မြစ်တွင်းသွား ဆေးရုံရေယာဉ် (ရွှေပုဇွန်)နှင့် မြစ်ရေယာဉ်-စကု တို့သည် ဧရာဝတီမြစ်ရိုး တစ်လျှောက် ကျေးရွာများရှိ ဒေသခံ ပြည်သူများအား ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်ပေး ရန်အတွက် ယမန်နေ့ နံနက်ပိုင်းတွင် ရန်ကုန်မြို့ ဧရာဝတီ ရေတပ်စခန်း ဌာနချုပ် ဗောတံတားမှ ထွက်ခွာရာ တပ်မတော်(ရေ)မှ အရာရှိကြီး များနှင့် အရာရှိ၊ စစ်သည်၊ မိသားစု များက ပို့ဆောင်နှုတ်ဆက် ကြသည်။

တပ်မတော် မြစ်တွင်းသွား ဆေးရုံရေယာဉ် (ရွှေပုဇွန်) နှင့်အတူ တပ်မတော် နယ်လှည့် ဆေးကုသရေး အဖွဲ့မှ ပါရဂူများ၊ ဆေးမှူးများ နှင့် သူနာပြု စစ်သည်များ လိုက်ပါ၍ ဧရာဝတီ မြစ်ရိုး တစ်လျှောက် မြစ်ဝကျွန်းပေါ် ဒေသရှိ ကျေးရွာများမှ ဒေသခံပြည်သူ များအား သတ်မှတ်နေရာ ခုနစ်နေရာခွဲ၍ ၂၃ ရက်ကြာ လှည့်လည်ကုသ ပေးသွားမည် ဖြစ်သည်။

အဆိုပါ ဆေးရုံရေယာဉ် ပေါ်တွင် ခွဲစိတ်ခန်း၊ မီးယပ် သားဖွားခန်း၊ ဓာတ်မှန်ခန်း၊ စမ်းသပ်ခန်းနှင့် အထူးကြပ်မတ် ကုသဆောင် တို့ပါဝင်ကာ ဒေသခံ ပြည်သူများအား အထွေထွေ ရောဂါများ ကုသပေးခြင်း၊ ခွဲစိတ် ကုသပေးခြင်း၊ ကလေး မီးဖွားပေးခြင်း၊ မီးယပ်ဆိုင်ရာ ကုသမှု လုပ်ငန်းများ၊ ကလေးရောဂါ များ ကုသပေးခြင်း၊ အရိုးရောဂါ ကုသမှုလုပ်ငန်း၊ မျက်စိခွဲစိတ် ကုသမှု လုပ်ငန်း၊ နားနှာခေါင်း လည်ချောင်းနှင့် သွားရောဂါများ ကုသပေးခြင်းများ ဆောင်ရွက် ပေးသွားမည့် အပြင် X-ray ရိုက်ခြင်း၊ Ultrasound ရိုက်ခြင်း၊ ဓာတ်ခွဲဆိုင်ရာ ရောဂါရှာဖွေ စစ်ဆေးခြင်း ဆိုင်ရာ လုပ်ငန်းများကို ဆောင်ရွက်ပေး နိုင်ကြောင်း သိရှိရသည်။ (၁ဝဝ)

မြ၀တီနေ့စဉ် ၊ စာ(၁၆)

No comments:

Post a Comment