Pages

Wednesday, December 2, 2015

မြန်မာနိုင်ငံမှ ကင်းမွန်များကို မလေးရှားနှင့် ထိုင်းနိုင်ငံတို့ရှိ စားသောက်ကုန် ထုတ်လုပ်သည့် လုပ်ငန်းရှင်များမှ ဈေးကောင်းပေးဝယ်ယူ



ရန်ကုန် ၊ ၂-၁၂-၂၀၁၅

၂ဝ၁၅ ခုနှစ် နိုဝင်ဘာလ နောက်ဆုံးပတ် မှစပြီး မလေးရှားနှင့် ထိုင်းနိုင်ငံတို့ရှိ စားသောက်ကုန် ထုတ်လုပ်သည့် လုပ်ငန်းရှင် များသည် မြန်မာနိုင်ငံမှ ထွက်သည့် ကင်းမွန်များကို ဈေးကောင်းပေး ဝယ်ယူလာကြောင်း မြိတ်မြို့မှ ရေထွက်ကုန် များကို ပြည်ပသို့ တင်ပို့ရောင်းချ နေသည့် ကုမ္ပဏီ များမှ သိရသည်။

''ဒီရာသီတွေက ကင်းမွန်ထွက်တဲ့ ရာသီတွေ ဖြစ်ပါတယ်။ နိုဝင်ဘာလ နဲ့ ဒီဇင်ဘာလ ကတော့ အများဆုံး ဖမ်းဆီးရမိတဲ့ လလို့ ပြောလို့ရပါတယ်။ ဝယ်လိုအား ရှိတော့ ကင်းမွန် တွေကို အအေးခံပြီး မလေးရှားနဲ့ ထိုင်းကို အဓိက တင်ပို့ရောင်းချ နေပါတယ်။ ဒါကြောင့် အရင်က ဈေးတွေ ကျနေပေမယ့် ဒီလထဲမှာ ဈေးပြန်မြင့်တက် လာပါပြီ။ မြိတ်မှာ ဆိုရင်လည်း ကင်းမွန်ဖမ်းတဲ့ ငါးဖမ်းစက်လှေ တွေလည်း တော်တော်များများ ရှိတော့ များများတင်ပို့ နိုင်ပါတယ်'' ဟု မြိတ်မြို့ရှိ ထိုင်းနိုင်ငံသို့ ရေထွက်ကုန် ပစ္စည်းများ တင်ပို့ရောင်းချ နေသည့် ကုမ္ပဏီတစ်ခုမှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။

မိုးရာသီတွင် ကင်းမွန်ကို အခြောက် ပြုလုပ်ပြီး ပြည်ပသို့ တင်ပို့ကြ သော်လည်း ယခုရာသီတွင် ကင်းမွန် အကောင် အရွယ်အစား ပေါ်မူတည်ပြီး အဆင့်များခွဲခြား တင်ပို့လေ့ ရှိကြောင်း၊ ထိုသို့ တင်ပို့ရာတွင် အဆင့် (၁)၊ (၂)၊ (၃) ၌ ၁၂ ပိဿာ တစ်ဗန်းလျှင် မြန်မာငွေကျပ် ၄ဝဝဝဝ ဖြင့်လည်းကောင်း အဆင့် (၄) တစ်ဗန်းလျှင် ကျပ် ၂၈ဝဝဝ ဝန်းကျင်နှင့် အဆင့် (၅) တစ်ဗန်းလျှင် ကျပ် ၁၅ဝဝဝ ဝန်းကျင်ခန့် ဈေးနှုန်းများ ရှိကြောင်း သိရသည်။

သီရိ

မြ၀တီနေ့စဉ် ၊ စာ(၆)

No comments:

Post a Comment