Pages

Wednesday, December 2, 2015

မြန်မာ့ ယဉ်ကျေးမှုရိုးရာဓလေ့များကို နိုင်ငံတကာသို့ မြှင့်တင်ကြော်ငြာ ပေးနိုင်ရန် Go Travel Shoot ရိုက်ကူးရေး အဖွဲ့ဆောင်ရွက်



ရန်ကုန် ၊ ၂-၁၂-၂၀၁၅

မြန်မာနိုင်ငံ၏ ယဉ်ကျေးမှု ရိုးရာဓလေ့များနှင့် ခရီးသွား လုပ်ငန်းကို အာဆီယံဒေသတွင်း နှင့် နိုင်ငံတကာသို့ မြှင့်တင်ကြော်ငြာ ပေးနိုင်ရန် မလေးရှား နိုင်ငံသား Mr. Khoo Teng Leang ဦးဆောင်သော Go Travel Shoot အစီအစဉ် ရုပ်မြင်သံကြား ရိုက်ကူးရေး အဖွဲ့သည် မန္တလေးမြို့၊ ပုဂံမြို့နှင့် ပုပ္ပားမြို့တို့သို့ သွားရောက် ရိုက်ကူးလျက် ရှိကြောင်း သိရသည်။

Go Travel Shoot အစီအစဉ် ရုပ်မြင်သံကြား ရိုက်ကူးရေးအဖွဲ့ သည် နိုဝင်ဘာ ၂၉ ရက်မှ ဒီဇင်ဘာ ၁ ရက်အထိ မန္တလေးမြို့ရှိ ဘုရားပုထိုး စေတီများ၊ အထင်ကရ နေရာများနှင့် ရိုးရာ လက်မှုပညာ လုပ်ငန်းများကို လှည့်လည် ရိုက်ကူးလျက် ရှိပြီး ယမန်နေ့တွင် ပုဂံ၊ ညောင်ဦးနှင့် ပုပ္ပား အစရှိသော နေရာတို့သို့ သွားရောက် ရိုက်ကူးမှုများ ပြုလုပ်သွားမည် ဖြစ်ကြောင်း သိရသည်။

အဆိုပါအဖွဲ့သည် ဒီဇင်ဘာ ၂ ရက် မှ ၄ ရက်အထိ ပုဂံရှေးဟောင်း ယဉ်ကျေးမှု နယ်မြေ အတွင်းရှိ ဘုရားပုထိုး စေတီများ၊ မြန်မာ့ရိုးရာ ယွန်းထည် လုပ်ငန်းများနှင့် တခြား လက်မှု လုပ်ငန်းများ၊ ရိုးရာ စားသောက်ကုန် လုပ်ငန်းများနှင့် ပုပ္ပားတောင် ကလပ်တို့သို့ သွားရောက် ရိုက်ကူးကြမည် ဖြစ်ကြောင်း သိရသည်။

အဆိုပါ ရိုက်ကူးရေး အဖွဲ့သည် ပုဂံ၊ ညောင်ဦးနှင့် ပုပ္ပား အစရှိသည့် နေရာတို့တွင် ရိုက်ကူးမှုများ ပြုလုပ်အပြီး ဒီဇင်ဘာ ၄ ရက်တွင် မန္တလေးမြို့မှ တစ်ဆင့် မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့ သို့ ပြန်လည် ထွက်ခွာမည် ဖြစ်ကြောင်း သိရသည်။ (၄၄၇)

မြ၀တီနေ့စဉ် ၊ စာ(၆)

No comments:

Post a Comment