Pages

Monday, December 21, 2015

မြန်မာ-ထိုင်း နှစ်နိုင်ငံချစ်ကြည်ရေး စက်ဘီးစီးပွဲ ပူးပေါင်းဆင်နွှဲ



တာချီလိတ် ၊ ၂၁-၁၂-၂ဝ၁၅

မြန်မာနိုင်ငံ ဟိုတယ်နှင့် ခရီးသွားလာရေး လုပ်ငန်းဝန်ကြီး ဌာနနှင့် အားကစား ဝန်ကြီးဌာန၊ ထိုင်းနိုင်ငံ ခရီးသွား လုပ်ငန်းနှင့် အားကစား ဝန်ကြီးဌာနတို့ ပူးပေါင်း စီစဉ်မှုဖြင့် နှစ်နိုင်ငံ စက်ဘီးစီး အားကစားသမား များက စက်ဘီး စီးခြင်းကို ယမန်နေ့ နံနက် ၇ နာရီခွဲမှ ၁၁ နာရီအထိ ထိုင်းနိုင်ငံ မယ်ဆိုင်မြို့နှင့် မြန်မာနိုင်ငံ တာချီလိတ်မြို့ တို့တွင် ကျင်းပကြောင်း သိရသည်။

ရှေးဦးစွာ ထိုင်းနိုင်ငံ မယ်ဆိုင်မြို့ ယုဝဝမ်း စက်ဘီး လေ့ကျင့်ရေးကွင်း၌ ထိုင်းနိုင်ငံ ခရီးသွား လုပ်ငန်းနှင့် အားကစား ဝန်ကြီးဌာနမှ ဒုတိယ အတွင်းဝန် Mis. Wannasiri Morakun ၊ ချင်းရိုင်းခရိုင်မှ ဒုတိယခရိုင် အုပ်ချုပ်ရေးမှူး Mr.Arkom Sukophan နှင့် တာဝန်ရှိသူများ က နှစ်နိုင်ငံ ပြည်သူများ ချစ်ကြည် ရင်းနှီးမှု ပိုမိုခိုင်မြဲရေး စက်ဘီးစီး ပူးပေါင်း ကျင်းပခြင်းနှင့် စပ်လျဉ်း၍ ရှင်းလင်း ပြောကြားသည်။

ထို့နောက် နှစ်နိုင်ငံ စက်ဘီး အားကစားသမား ၄၅ဝ ကျော်တို့က ယင်း လေ့ကျင့်ရေး ကွင်းမှ စတင်၍ မြန်မာ-ထိုင်း ချစ်ကြည်ရေး တံတားအမှတ်(၁) မှတစ်ဆင့် တာချီလိတ်မြို့ ရွှေတိဂုံ စေတီတော် ရင်ပြင်သို့ စုပေါင်းစက်ဘီး စီးခဲ့ကြသည်။

ယင်းနောက် စေတီ ရင်ပြင်တော်တွင် ခရိုင် အုပ်ချုပ်ရေးမှူး ဦးတင်ဝင်းရွှေ က စက်ဘီးစီး အားကစား အဖွဲ့ဝင်များအား ကြိုဆိုနှုတ်ခွန်းဆက် စကား ပြောကြားပြီး ရွှေတိဂုံ စေတီတော် ပုံတူပန်းချီကား ကို အမှတ်တရ လက်ဆောင် အဖြစ်ပေးအပ်ရာ ထိုင်းနိုင်ငံ ခရီးသွားလုပ်ငန်း နှင့် အားကစား ဝန်ကြီးဌာနမှ ဒုတိယအတွင်းဝန် က လက်ခံရယူသည်။

ထို့နောက် ထိုင်းနိုင်ငံ စက်ဘီးစီး အားကစား အဖွဲ့က တာချီလိတ်မြို့နယ် ပညာရေးဖွံ့ဖြိုး တိုးတက်ရေး ကော်မတီသို့ ထိုင်းဘတ်ငွေ ၅ဝဝဝဝ ကိုပေးအပ် လှူဒါန်းရာ မြို့နယ် အုပ်ချုပ်ရေးမှူး ဦးထွန်းဝင်းအောင် နှင့် မြို့နယ် ပညာရေးမှူး ဦးစိန်ထွန်းလှ တို့က လက်ခံရယူသည်။

ထိုမှတစ်ဆင့် နှစ်နိုင်ငံ စက်ဘီးစီး အားကစား အဖွဲ့သည် ထိုင်းနိုင်ငံ မယ်ဆိုင်မြို့သို့ ပြန်လည် ထွက်ခွာပြီး မယ်ဆိုင်မြို့ အတွင်း ကီလိုမီတာ ၄ဝ ကို စုပေါင်း ပျော်ရွှင်စွာ လှည့်လည် စီးကြကာ တာဝန်ရှိ သူများက ပထမ၊ ဒုတိယနှင့် တတိယဆုများ ချီးမြှင့်ပေးသည်။

အဆိုပါ စက်ဘီးစုပေါင်း စီးခြင်းကို ထိုင်းနိုင်ငံ ခရီးသွား လုပ်ငန်းနှင့် အားကစား ဝန်ကြီးဌာနက တစ်နှစ်တာ အတွင်း ပထမအကြိမ် နှင့် ဒုတိယအကြိမ်ကို ချင်းရိုင်းခရိုင်တွင် အိမ်နီးချင်း အာဆီယံနိုင်ငံ များရှိ လာအိုနိုင်ငံနှင့် ကမ္ဘောဒီးယားနိုင်ငံ တို့တွင် ကျင်းပခဲ့သည်။ ယခု တတိယအကြိမ် အား မြန်မာနိုင်ငံ တာချီလိတ်မြို့နှင့် ထိုင်းနိုင်ငံ မယ်ဆိုင်မြို့ တို့တွင် ပူးပေါင်း ကျင်းပခြင်း ဖြစ်ကြောင်း သိရသည်။ (၆၆၁)

မြ၀တီနေ့စဉ် ၊ စာ(၁၆)

No comments:

Post a Comment