Pages

Monday, December 21, 2015

တက္ကသိုလ် ကောလိပ်ပေါင်း ၃၃ ခုတွင် နည်းပြနှင့် သရုပ်ပြတာဝန် ထမ်းဆောင်ရန် မဟာဘွဲ့ မဟာသုတေသနဘွဲ့ ပါရဂူဘွဲ့ရ ၂၉၃ ဦးကို ခေါ်ယူခန့်ထားရန် လျာထား



ရန်ကုန် ၊ ၂၁-၁၂-၂၀၁၅

တက္ကသိုလ်၊ ဒီဂရီကောလိပ် နှင့် ကောလိပ်ပေါင်း ၃၃ ခုတွင် နည်းပြ၊ သရုပ်ပြ၊ သင်ကြားရေး တာဝန် ထမ်းဆောင်ရန် မဟာဘွဲ့၊ မဟာ သုတေသနဘွဲ့နှင့် ပါရဂူဘွဲ့ရ ၂၉၃ ဦးကို ခေါ်ယူခန့်ထားရန် လျာထားကြောင်း အဆင့်မြင့်ပညာ ဦးစီးဌာနမှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။

အဆိုပါနည်းပြ၊ သရုပ်ပြ ခေါ်ယူမည့် တက္ကသိုလ်များ၌ ရန်ကုန် စီးပွားရေး တက္ကသိုလ် ၊ မိတ္ထီလာ စီးပွားရေး တက္ကသိုလ်၊ မုံရွာစီးပွားရေး တက္ကသိုလ်၊ ရန်ကုန်နိုင်ငံခြား ဘာသာတက္ကသိုလ် နှင့် မန္တလေး နိုင်ငံခြားဘာသာ တက္ကသိုလ်များ ပါဝင်ကြောင်း၊ နိုင်ငံခြားဘာသာ စကား ဘာသာရပ်များ အတွက် သက်ဆိုင်ရာ ဘာသာရပ်ဖြင့် မဟာဘွဲ့ အတွက် အရည်အချင်းစစ် သင်တန်းတက်ရန် အဆင့်မီ သူများလည်း လျှောက်ထားနိုင်ကာ တစ်လလျှင် ကျပ် ၁၈ဝဝဝဝ မှ ၁၉ဝဝဝဝ ခံစားခွင့် ရမည်ဖြစ်ကြောင်း အဆင့်မြင့်ပညာ ဦးစီးဌာနမှ သိရသည်။

ထို့ပြင် မော်လမြိုင်၊ တောင်ကြီး၊ မကွေး၊ ပုသိမ်၊ စစ်တွေ၊ မြစ်ကြီးနား၊ တောင်ငူ၊ ပြည်၊ ထားဝယ်၊ မိတ္ထီလာ၊ ပခုက္ကူ၊ ဟင်္သာတ၊ မအူပင်၊ ပင်လုံ၊ ဘားအံ၊ ကလေး၊ မြိတ်၊ လွိုင်ကော်၊ လားရှိုး၊ ကျိုင်းတုံ၊ ဗန်းမော်၊ ပဲခူးနှင့် ရွှေဘို တက္ကသိုလ်၊ ရေနံချောင်း၊ မြင်းခြံ၊ မုံရွာနှင့် မိုးညှင်း ဒီဂရီကောလိပ်၊ တောင်ကုတ် ကောလိပ် များအတွက်လည်း ခေါ်ယူမည် ဖြစ်ကြောင်း သိရသည်။

လျှောက်ထားသူသည် ၂ဝ၁၆ ခုနှစ် ဇန်နဝါရီ ၁၅ ရက်တွင် အသက် ၃၈ နှစ်ထက် မကျော်လွန်သူ၊ မဟာ သုတေသနဘွဲ့ ရရှိပြီးသူ ဖြစ်ပါက အသက် ၄ဝ နှစ်ထက် မကျော်သူ၊ ပါရဂူဘွဲ့ ရရှိပြီးသူ ဖြစ်ပါက ၄၂ နှစ်အထက် မကျော်သူ ဖြစ်ရန်လိုအပ်ပြီး မိမိ လျှောက်ထား လိုသည့် တက္ကသိုလ်များမှ လျှောက်လွှာများကို အခမဲ့ရယူ နိုင်ကြောင်း သိရသည်။

ပါရဂူဘွဲ့ ရရှိပြီး သူများသည် လူတွေ့ဖြေဆို ရမည်ဖြစ်ပြီး ကျန်လျှောက်ထား သူများသည် ရေးဖြေ စာမေးပွဲနှင့် အောင်မြင်လျှင် လူတွေ့ စာမေးပွဲကို ဖြေဆိုရမည် ဖြစ်ကြောင်း သိရသည်။ (၄၄၇)

မြ၀တီနေ့စဉ် ၊ စာ(၆)

No comments:

Post a Comment