Pages

Thursday, December 24, 2015

ဧရာဝတီလင်းပိုင် အရေအတွက် စစ်တမ်းကို လာမည့် ၂၀၁၆ ခုနှစ်တွင် ကောက်ယူမည်



ရန်ကုန် ၊ ၂၄-၁၂-၂၀၁၅

လာမည့် ၂ဝ၁၆ ခုနှစ်ဇန်နဝါရီလ နှင့် ဖေဖော်ဝါရီလ အတွင်းဧရာဝတီမြစ် အတွင်း ကျက်စားနေသည့် ဧရာဝတီလင်းပိုင် များ၏ အရေအတွက် အတိအကျ သိနိုင်ရန် စစ်တမ်း ကောက်ယူမည် ဖြစ်ကြောင်း သားငှက် ထိန်းသိမ်းရေး အဖွဲ့၏ သတင်းများအရ သိရသည်။

ဧရာဝတီမြစ် အတွင်းရှိ လင်းပိုင်များ၏ အခြေအနေ စစ်တမ်း ကောက်ယူမှုနှင့် သုတေသန လုပ်ငန်းများအတွက် လိုအပ်သော ငွေကြေးနှင့် နည်းပညာ များအတွက် ငါးလုပ်ငန်းဦးစီး ဌာနနှင့် သားငှက် ထိန်းသိမ်းရေး အဖွဲ့က ပံ့ပိုးကူညီ ပေးသွားမည် ဖြစ်သည်။ အဆိုပါလုပ်ငန်း အကောင်အထည် လုပ်ကိုင် ဆောင်ရွက်မှုကို ဧရာဝတီလင်းပိုင် ထိန်းသိမ်းရေး အဖွဲ့မှ ကျွမ်းကျင် ပညာရှင်များ၊ သက်ဆိုင်ရာ ဌာနများမှ တာဝန်ရှိ သူများ နှင့် အခြားသော အဖွဲ့ အစည်းများမှ တာဝန်ရှိ သူများက ပူးပေါင်းလုပ်ကိုင် ဆောင်ရွက်သွား မည် ဖြစ်သည်။ လုပ်ငန်း ဆောင်ရွက်မှုကို ၂ဝ၁၆ ခုနှစ် ဇန်နဝါရီလနှင့် ဖေဖော်ဝါရီလ အတွင်း စတင် အကောင်အထည်ဖော် လုပ်ကိုင် ဆောင်ရွက်သွားမည် ဖြစ်ပြီး ဧရာဝတီမြစ် အတွင်း ဧရာဝတီလင်းပိုင် အကောင်ရေ တိုးပွားမှု၊ လျော့ကျမှု အခြေအနေ များကို အတိအကျ သိရှိနိုင်ရန် ကြိုးပမ်း ဆောင်ရွက် သွားမည်ဖြစ်သည်။

ဧရာဝတီလင်းပိုင် စစ်တမ်း ကောက်ယူမှု လုပ်ငန်းများကို ယခင်ကလည်း လုပ်ကိုင် ဆောင်ရွက်ခဲ့ရာ ၂၀၁၄ ခုနှစ်က စစ်တမ်း ကောက်ယူမှုအရ ဧရာဝတီလင်းပိုင် အကောင်အရေတွက် ၆၃ ကောင်ရှိခဲ့သည်။ ယခုနှစ် နှစ်ဆန်းပိုင်းတွင် ထပ်မံ စစ်တမ်း ကောက်ယူခဲ့ရာ အကောင် အရေအတွက် ၅၈ ကောင်ခန့်သာ စစ်တမ်းကောက်ယူ ရရှိခဲ့သည်။

ထို့ကြောင့် ဧရာဝတီလင်းပိုင် များ၏ အခြေအနေမှာ လျော့ကျ လာနေသည့် အနေအထား ဖြစ်နေသဖြင့် ဧရာဝတီလင်းပိုင်များ မျိုးသုဉ်း ပျောက်ကွယ်မှု အန္တရာယ်မှ ပိုမိုကာကွယ် ပေးရန် လိုအပ်လာသဖြင့် ယခုကဲ့သို့ စစ်တမ်းများ ကောက်ယူရန် စီစဉ် ဆောင်ရွက်ခဲ့ခြင်း  ဖြစ်ကြောင်း သိရသည်။ (၃၃၆)

ရတနာပုံနေ့စဉ် ၊ စာ(၁၀)

No comments:

Post a Comment