Pages

Wednesday, December 23, 2015

ရွှေတိဂုံစေတီတော်ပေါ်နှင့် ၀တ္တကမြေအတွင်း မောင်းသူမဲ့လေယာဉ်ငယ် နှင့် ဒရုန်းများ လွှတ်တင်မောင်းနှင်ခွင့် မပြုတော့ကြောင်း တားမြစ်ချက်ထုတ်ပြန်



ရန်ကုန် ၊ ၂၃-၁၂-၂၀၁၅

ရွှေတိဂုံစေတီတော် ပေါ်နှင့် ဝတ္တကမြေ အတွင်း မောင်းသူမဲ့ လေယာဉ်ငယ် နှင့် ဒရုန်းများ (Drones နှင့် UAV) ကို စေတီတော် လုံခြုံရေးအရ ဒီဇင်ဘာ ၂၂ ရက်မှစ၍ လွှတ်တင် မောင်းနှင်ခွင့် မပြုတော့ကြောင်း သတိပေး တားမြစ်ချက် ထုတ်ပြန်ထားပြီး ဖြစ်သည်ဟု ရွှေတိဂုံစေတီတော် ဂေါပကအဖွဲ့မှ သိရသည်။

အဆိုပါ သတိပေး တားမြစ်ချက် ဆိုင်းဘုတ်များကို ရွှေတိဂုံစေတီတော် မုခ်ဦး လေးဖက်အပြင် ယာဉ်ရပ်နားကွင်း များ၌ပါ ဆိုင်းဘုတ်များ တပ်ဆင်၍ တားမြစ်ထားခြင်း ဖြစ်ပြီး အကြမ်းဖက် သမားများ၏ တိုက်ခိုက်မှု အန္တရာယ် ဖြစ်ပေါ်မည်ကို စိုးရိမ်ရသောကြောင့် တားမြစ်ခြင်း ဖြစ်ကာ ဒဂုံမြို့နယ် အထွေထွေ အုပ်ချုပ်ရေးမှူးရုံး၏ ဒေသန္တရ ခွင့်ပြုမိန့်ဖြင့် သတိပေး တားမြစ်ခြင်း ဖြစ်ကြောင်း သိရသည်။

ထို့ပြင် ပြီးခဲ့သည့် ရက်ပိုင်းက ရွှေတိဂုံစေတီတော်ကို မောင်းသူမဲ့ လေယာဉ်ဖြင့် ဓာတ်ပုံရိုက်ခဲ့သူ တရုတ်နိုင်ငံသား တစ်ဦး၊ အမေရိကန်နိုင်ငံသား တစ်ဦးနှင့် မြန်မာနိုင်ငံသား တစ်ဦး၏ လေယာဉ်ငယ်များ ကိုလည်း ပြန်လည် ပေးအပ်ခဲ့ကြောင်း သိရသည်။

''လေယာဉ်ကင်မရာ နဲ့ အမြင့်ကနေ ရိုက်တဲ့အခါ ဓာတ်ပုံတွေက ပိုလှလို့ ရိုက်တဲ့သူတွေ ရှိပေမယ့် အကြမ်းဖက် တိုက်ခိုက်ချင်တဲ့ သူတွေလည်း ပါမလာဘူးလို့ မပြောနိုင်ပါဘူး။ အဲဒီအတွက် ကျွန်တော်တို့က ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့နဲ့ တိုင်ပင်ပြီး အခုလို သတိပေး တားမြစ်ရခြင်း ဖြစ်ပါတယ်'' ဟု ရွှေတိဂုံစေတီတော် ဂေါပကအဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။ (၄၄၇)

မြ၀တီနေ့စဉ် ၊ စာ(၃)

No comments:

Post a Comment