Pages

Wednesday, December 23, 2015

ပိန်လွန်းသည့် စံပြမယ်များ ဆရာဝန်၏ ကျန်းမာရေး ထောက်ခံချက် ရယူရမည်



ပဲရစ် ၊ ၂၃-၁၂-၂၀၁၅

ပြင်သစ်လွှတ်တော် အမတ်များက ဒီဇင်ဘာ တတိယပတ်တွင် အတည်ပြု လိုက်သော ဥပဒေကြမ်း တစ်ရပ်အရ ပိန်လွန်းသည့် ပြင်သစ်စံပြမယ် များသည် ဆရာဝန်ထံမှ ကျန်းမာရေး ကောင်းမွန်ကြောင်း အသိအမှတ်ပြု လက်မှတ်ရယူ ထားရမည်ဟု အေဘီစီ သတင်းဌာန က ဖော်ပြခဲ့ကြောင်း သိရသည်။

ထို့ပြင် အပိန်လွန် နေသော စံပြမယ်များ၏ ဓာတ်ပုံကို အသုံးပြုမည့် ဖက်ရှင်မဂ္ဂဇင်း များအနေဖြင့်လည်း ဓာတ်ပုံများ၏ အောက်၌ ကွန်ပျူတာ နည်းပညာဖြင့် ဓာတ်ပုံများကို ပြုပြင် ထားသည်ဟူသော စာတန်းထည့် သွင်းရန် ပြင်သစ်လွှတ်တော် အမတ်များ၏ ဥပဒေကြမ်း ၌ ပြဋ္ဌာန်းထားသည်။

ပြင်သစ် စံပြမယ်များ နေဖြင့် ကိုယ်ခန္ဓာ ထုထည် အညွှန်းကိန်း အရ ၄င်းတို့၏ ကျန်းမာရေး အခြေအနေ နှင့် စံပြမယ်လုပ်ငန်း ကိုက်ညီမှု ရှိကြောင်း အသိအမှတ် ပြုသည့် ဆရာဝန်၏ ထောက်ခံချက် ကို ရယူ ထားရမည် ဖြစ်ကာ ပြဋ္ဌာန်းချက်ကို ချိုးဖောက်ပါက ထောင်ဒဏ် ခြောက်လနှင့် ငွေဒဏ် ယူရိုငွေ ၇၅ဝဝဝ ထိ ချမှတ်မည် ဖြစ်ကြောင်း ဥပဒေကြမ်း ၌ ဖော်ပြထားသည်။

ပြင်သစ်လွှတ်တော် အမတ်များသည် ပိန်လွန်းသော စံပြမယ်များ အတွက် ဥပဒေကြမ်း တစ်ရပ်ကို ယခင်ကလည်း ရေးဆွဲခဲ့ ဖူးသည်။ သို့သော် ယင်း ဥပဒေကြမ်း၌ စံပြမယ်များ အနည်းဆုံး ရှိရမည့် ကိုယ်ခန္ဓာ ထုထည် အညွှန်းကိန်း ထည့်သွင်း ထားရာ ပြင်သစ်ဖက်ရှင် လောကက အကြီးအကျယ် ကန့်ကွက် ခဲ့သည်။

ပြင်သစ်နိုင်ငံ၌ လူဦးရေ ၃ဝဝဝဝ နှင့် ၄ဝဝဝဝ အကြားတို့မှာ ပိန်ရန် ကြိုးစားရင်း အနောရီးရှား နာဗိုဆာ ခေါ် အစားအသောက် ပျက်သည့် ရောဂါစွဲကပ် နေပြီး ယင်းရောဂါ ကြောင့်လည်း သေဆုံးသူနှုန်း မြင့်မားလျက် ရှိကြောင်း သိရသည်။

France Passes Model Health Law
Thin French Models Need Doctor's Notes

#Yadanarpondaily

No comments:

Post a Comment