Pages

Thursday, December 17, 2015

ဧည့်လမ်းညွှန် အခြေခံသင်တန်း ဖွင့်လှစ်မည်



ရန်ကုန် ၊ ၁၇-၁၂-၂၀၁၅

ဟိုတယ်နှင့် ခရီးသွားလာရေး လုပ်ငန်း ဝန်ကြီးဌာနက ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက် လာမှုနှင့်အတူ လူ့စွမ်းအား အရင်းအမြစ်များ စနစ်တကျ ဖွံ့ဖြိုးတိုးတက် လာစေရေးအတွက် ၂ဝ၁၆ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်တွင် ဧည့်လမ်းညွှန် အခြေခံသင်တန်း အမှတ်စဉ် (၅ဝ)ကို ထပ်မံ ဖွင့်လှစ်ပို့ချ သွားမည် ဖြစ်ကြောင်း ဟိုတယ်နှင့် ခရီးသွားလာရေး လုပ်ငန်းဝန်ကြီး ဌာနမှ သိရသည်။

အဆိုပါ သင်တန်းကို ဟိုတယ် နှင့် ခရီးသွားလာရေး လုပ်ငန်းဝန်ကြီး ဌာန ခရီးသွားလုပ်ငန်း ဆိုင်ရာ သင်တန်းကျောင်း ၌ ၂ဝ၁၆ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်မှ မတ် ၂၅ ရက်ထိ ဖွင့်လှစ်ပို့ချ သွားမည်ဖြစ်သည်။ သင်တန်း လျှောက်လွှာများကို ယခုနှစ် ဒီဇင်ဘာ ၁၄ ရက်မှ ၂၄ ရက်ထိ အမှတ် (၄၅၈/၄၆ဝ) မဟာဗန္ဓုလလမ်း နှင့် ၃၁ လမ်းထောင့် ပန်းပဲတန်းမြို့နယ် ရန်ကုန်မြို့ရှိ ခရီးသွား လုပ်ငန်းဆိုင်ရာ သင်တန်းကျောင်းတွင် လာရောက် လျှောက်ထား နိုင်ကြောင်း သိရသည်။

သင်တန်းဝင်ခွင့် စာမေးပွဲကို ၂ဝ၁၆ ခုနှစ် ဇန်နဝါရီ ၃ ရက်တွင် ရန်ကုန်မြို့ သိမ်ဖြူလမ်းနှင့် အနော်ရထာ လမ်းထောင့်ရှိ အမှတ်(၆) အခြေခံပညာ အထက်တန်းကျောင်း ဗိုလ်တထောင်တွင် ကျင်းပသွားမည် ဖြစ်သည်။ မြန်မာ နိုင်ငံ ခရီးသွားလုပ်ငန်းများ ပိုမိုဖွံ့ဖြိုး တိုးတက်စေရေး အတွက် ခရီးသွားလုပ်ငန်း ဆိုင်ရာ သင်တန်းကျောင်း အနေဖြင့် နှစ်စဉ် သင်တန်းများ ဖွင့်လှစ် လေ့ကျင့်ပေးလျက် ရှိပြီး ဧည့်လမ်းညွှန် အခြေခံသင်တန်း အမှတ်စဉ် (၄၉)ထိ သင်တန်းသား၊ သင်တန်းသူ စုစုပေါင်းဦးရေ ၉ဝဝဝ ကျော်ခန့် မွေးထုတ်ပေး နိုင်ခဲ့ပြီး ဖြစ်သည်။

လက်ရှိတွင် လိုင်စင်ပျက်ပြယ် သွားသော ဧည့်လမ်းညွှန်များ အတွက် ဧည့်လမ်းညွှန် အထူးမွမ်းမံ သင်တန်းများကို အမှတ်စဉ် (၇) ထိ ဖွင့်လှစ်ပို့ချခဲ့ပြီး သင်တန်းသား၊ သင်တန်းသူ ဦးရေ ၅ဝဝ ကျော်ထိ တက်ရောက်ခဲ့ပြီး ဖြစ်သည်။ တစ်နိုင်ငံလုံး အတိုင်းအတာ အနေဖြင့် ဒေသဆိုင်ရာ ဧည့်လမ်းညွှန် သင်တန်းများကို ပို့ချပေးလျက် ရှိပြီး ယခုနှစ် နိုဝင်ဘာလကုန်ထိ စုစုပေါင်း ဦးရေ ၁၈၁ဝ ထိရှိခဲ့ပြီး ဖြစ်ကြောင်းလည်း သိရသည်။ (၃၃၆)

ရတနာပုံနေ့စဉ် ၊ စာ(၁၁)

No comments:

Post a Comment