Pages

Monday, December 7, 2015

ASEAN People's Award ဆုကို မြန်မာနိုင်ငံမှ ရရှိ



ရန်ကုန် ၊ ၇-၁၂-၂၀၁၅

အာဆီယံ ပြည်သူ့ဂုဏ်ပြုဆု (ASEAN People's Award) ကို မြန်မာနိုင်ငံမှ ရရှိခဲ့ကြောင်း သိရသည်။

အဆိုပါဆုသည် အာဆီယံ အသိုက်အဝန်း (AEC) တည်ထောင်ရေး အတွက် တက်ကြွစွာ ကြိုးပမ်းပါဝင် ခဲ့သည့် အာဆီယံ အဖွဲ့ဝင်နိုင်ငံ တစ်နိုင်ငံချင်းစီမှ လူပုဂ္ဂိုလ်၊ အဖွဲ့အစည်း များကို ဂုဏ်ပြုသည့် အထိမ်းအမှတ် အဖြစ် ချီးမြှင့်ခြင်းဖြစ်ရာ မြန်မာနိုင်ငံ ပါရမီ စားပွဲဝိုင်း အဖွဲ့မှ ရရှိခဲ့ခြင်း ဖြစ်သည်။ အဆိုပါ ပါရမီစားပွဲဝိုင်း အဖွဲ့သည် နိုင်ငံတစ်ဝန်း မြို့ကြီးများနှင့် နယ်မြို့များ အလုပ်ရုံ ဆွေးနွေးပွဲ ၁၆ ပွဲနှင့် အသိပညာ ဖြန့်ဝေခြင်း တို့ကို နေရာအနှံ့တွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။

ASEAN People's Award ဆုအတွက် မြန်မာနိုင်ငံမှ လူပုဂ္ဂိုလ် သုံးဦးနှင့် အဖွဲ့အစည်း ငါးခု လျှောက်ထားခဲ့သည်။ အဆိုပါ ဂုဏ်ပြုဆုကို မလေးရှားနိုင်ငံ ကွာလာလမ်ပူ မြို့၌ ကျင်းပသည့် (၂၇) ကြိမ်မြောက် အာဆီယံ ထိပ်သီး အစည်းအဝေး တွင် ချီးမြှင့် ခဲ့ခြင်းဖြစ်ပြီး မြန်မာနိုင်ငံမှ ပါရမီ စားပွဲဝိုင်း အဖွဲ့အပြင် စင်ကာပူ နိုင်ငံမှ Polytechnic နှင့် ကမ္ဘောဒီးယားနိုင်ငံမှ Union of Youth Federations of Cambodia တို့လည်း ရရှိခဲ့ကြောင်း သိရသည်။

ရွေးချယ်ခြင်း ခံရသည့် ပါရမီစားပွဲဝိုင်း အဖွဲ့သည် အာဆီယံ အကြောင်းကို အများပြည်သူများ အကြား သိရှိစေရန် တို့အပြင် အာဆီယံ စီးပွားရေး အသိုက်အဝန်း အကောင်အထည် ပေါ်လာ သည့် အခါတွင် မြန်မာနိုင်ငံသား များအားလုံး ပြင်ဆင်နိုင်ရန် အသုံးဝင်သည့် သတင်း အချက်အလက် များကို မျှဝေနိုင်ရန် ဟူသော ရည်ရွယ်ချက် များဖြင့် ၂ဝ၁၂ ခုနှစ်တွင် စတင်ဖွဲ့စည်း ခဲ့သည့် Think Tank အဖွဲ့ဖြစ်ကြောင်း သိရသည်။

မြ၀တီနေ့စဉ် ၊ စာ(၁၂)

No comments:

Post a Comment