Pages

Monday, December 7, 2015

တပ်မတော် မြစ်တွင်းသွား ဆေးရုံရေယာဉ် (ရွှေပုဇွန်) နှင့် မြစ်ရေယာဉ်-စကု တို့ဖြင့် ဧရာဝတီမြစ်ရိုး တစ်လျှောက် တရုတ်မော်ကျေးရွာ အတွင်းရှိ ဒေသခံပြည်သူများအား ကျန်းမာရေးစောင့် ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်



နေပြည်တော် ၊ ၇-၁၂-၂ဝ၁၅

ဧရာဝတီတိုင်း ဒေသကြီးအတွင်း ရောက်ရှိနေသော တပ်မတော် မြစ်တွင်းသွား ဆေးရုံရေယာဉ် (ရွှေပုဇွန်) နှင့် မြစ်ရေယာဉ်-စကု တို့သည် ဒီဇင်ဘာ ၅ ရက်တွင် ဧရာဝတီမြစ်ရိုး တစ်လျှောက်ရှိ တရုတ်မော် ကျေးရွာနှင့် ပတ် ဝန်းကျင် ကျေးရွာများမှ ဒေသခံပြည်သူ များအား ဆေးကုသမှု ဆိုင်ရာရောဂါ ၁၄ဝ ဦး၊ ခွဲစိတ်ရောဂါ ၁၃ ဦး၊ သားဖွားမီးယပ်ရောဂါ ၁၅ ဦး၊ ကလေးရောဂါ ၅၅ ဦး၊ အရိုးရောဂါ ၉ဝ ဦး၊ နား၊ နှာခေါင်း၊ လည်ချောင်း ရောဂါ ၂ဝ ဦး၊ မျက်စိရောဂါ ၈၈ ဦးနှင့် သွားရောဂါ ၂၁ ဦး၊ စုစုပေါင်း ၄၄၂ ဦးအား လိုအပ်သည့် ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက် ပေးသည့်အပြင် ခွဲစိတ်ရောဂါ နှစ်ဦး၊ မျက်စိခွဲစိတ် ရောဂါ ၁၂ ဦးနှင့် သွားရောဂါ ၁၇ ဦးတို့အား ခွဲစိတ်ကုသ ပေးခြင်း၊ ဓာတ်မှန်ရိုက် လူနာခုနစ်ဦး နှင့် အာထရာဆောင်း ရိုက်လူနာ ၃၃ ဦးတို့အား ရောဂါ ရှာဖွေပေးခြင်း များ ဆောင်ရွက်ပေး ခဲ့ကြောင်း သိရှိရသည်။(၁ဝဝ)

မြ၀တီနေ့စဉ် ၊ စာ(၁၆)

No comments:

Post a Comment