Pages

Wednesday, November 18, 2015

အောက်စဖို့ဒ်အဘိဓာန် အဖွဲ့၏ တစ်နှစ်တာ စကားလုံးအဖြစ် Emoji သင်္ကေတကို ရွေးချယ်


Oxford Dictionaries Word of the Year 2015 is… Emoji

ကမ္ဘာကျော် အဖွဲ့အစည်း တစ်ခုဖြစ်သော အောက်စဖို့ဒ် အဘိဓာန်အဖွဲ့မှ ယခုနှစ် တစ်နှစ်တာ အကောင်းဆုံး စကားလုံး ရွေးချယ်ခဲ့ရာတွင် လူမှုကွန်ရက် စာမျက်နှာများ၌ အသုံးပြုသော Emoji သင်္ကေတတစ်ခုကို ရွေးချယ် ခဲ့ခြင်းကြောင့် အံ့အားသင့်စရာ ဖြစ်ခဲ့ရသည်ဟု သိရသည်။

အောက်စဖို့ဒ် အဘိဓာန် အဖွဲ့သည် နှစ်စဉ် အင်္ဂလိပ်ဘာသာ စကားကို တစ်နှစ်တာ အတွင်း အပြောင်းအလဲ ဖြစ်စေခဲ့သည့် စကားလုံးများ ထဲမှ လွှမ်းမိုးမှု မြင့်မားသော စကားလုံးများကို ပုံမှန် ရွေးချယ်ခဲ့သည်။ ယခုကဲ့သို့ လူမှုကွန်ရက် များတွင် အသုံးပြုသော Emoji သင်္ကေတကို ရွေးချယ်ခဲ့ခြင်း မှာ အောက်စဖို့ဒ် အဘိဓာန်အဖွဲ့၏ တစ်နှစ်တာ အကောင်းဆုံး စကားလုံး ရွေးချယ်မှု သမိုင်း တစ်လျှောက်တွင် အင်္ဂလိပ် စကားလုံး မဟုတ်သော အရာတစ်ခုကို ပထမဆုံး အကြိမ် ရွေးချယ်ခဲ့ခြင်း အဖြစ် မှတ်တမ်းဝင် ခဲ့သည်။ 

ရွေးချယ်ခဲ့သော Emoji သင်္ကေတမှာ ပြုံးရယ်နေသည့် မျက်နှာပေါ်တွင် မျက်ရည်ကျဆင်း နေသည့် သင်္ကေတဖြစ်ပြီး ယခုနှစ် အတွင်း အသုံးပြုသူ များပြားခဲ့သည့် အပြင် လွှမ်းမိုးမှု မြင့်မားသော အခြေအနေ ရှိခဲ့ခြင်းကြောင့် ရွေးချယ်ခဲ့ခြင်း ဖြစ်သည်ဟု သိရသည်။

အောက်စဖို့ဒ် အဘိဓာန် ရွေးချယ်ရေး အဖွဲ့က ထုတ်ပြန်သော သတင်း ထုတ်ပြန်ချက်တွင် ၂၁ ရာစုတွင် ပြောင်းလဲလာသော အခြေအနေ များကြောင့် စကားလုံးများကို အားပြုသည့် အစဉ်အလာ များမှာ သင်္ကေတ များကို အားပြုသည့် အလားအလာသို့ ပြောင်းလဲ လာခြင်းကြောင့် Emoji သင်္ကေတကို တစ်နှစ်တာ အကောင်းဆုံး စကားလုံးအဖြစ် ရွေးချယ်ခဲ့ခြင်း ဖြစ်သည်ဟု ဖော်ပြသည်။

မြ၀တီနေ့စဉ် ၊ စာ(၁၁)

#Themyawadydaily

No comments:

Post a Comment