Pages

Wednesday, November 18, 2015

ဓနသဟာယ စစ်သင်္ချိုင်းများ၌ ကျဆုံးစစ်သည်များအား ဂုဏ်ပြုသဘော သက်ရောက်သည့် ရိုက်ကူးမှုများကိုသာ ခွင့်ပြုမည်


ထောက်ကြန့် ရှိ ဓနသဟာယစစ်သင်္ချိုင်းကို တွေ့ရစဉ်

ရန်ကုန် ၊ ၁၈-၁၁-၂၀၁၅

မြန်မာနိုင်ငံရှိ ဓနသဟာယ စစ်သင်္ချိုင်းများ၌ ရိုက်ကူးရေး လုပ်ငန်းများ ပြုလုပ်ရာတွင် မှတ်တမ်း ပြုထားသော ကျဆုံးစစ်သည် များအား ဂုဏ်ပြုသဘော သက်ရောက်သည့် ရိုက်ကူးမှု များကိုသာ ခွင့်ပြုမည် ဖြစ်ကြောင်း ဓန သဟာယ စစ်သင်္ချိုင်းများ ကော်မရှင်မှ Country Manager ဦးသက်မွန် က ပြောသည်။

မြန်မာနိုင်ငံရှိ စစ်သင်္ချိုင်း သုံးခုစလုံး၌ ရုပ်ရှင်၊ ဗီဒီယိုနှင့် ကြော်ငြာ အစရှိသည့် ရိုက်ကူးရေး လုပ်ငန်းများ ဆောင်ရွက်ရာတွင် သက်ဆိုင်ရာ မန်နေဂျာမှ တစ်ဆင့် ခွင့်ပြုချက် တောင်းခံရမည် ဖြစ်ပြီး မှတ်တမ်းပြု ထားသော ကျဆုံးစစ်သည် များအား ဂုဏ်ပြုသဘော သက်ရောက်သည့် ရိုက်ကူးမှုများ ကိုသာ ဓနသဟာယ စစ်သင်္ချိုင်းများ ကော်မရှင်မှ ခွင့်ပြုမည် ဖြစ်ကြောင်း သိရသည်။

''စစ်သင်္ချိုင်းမှာ ရိုက်လို့ မရတာ မဟုတ်ပါဘူး။ ရိုက်မယ်ဆိုရင် ကြိုတင် ခွင့်တောင်းရမယ်။ ဒါပေမဲ့ ကျဆုံး စစ်သည်တွေကို ဂုဏ်ပြုတဲ့ ဇာတ်ကားမျိုး မဟုတ်ဘဲ အချစ်ကား တွေနဲ့ တခြားဇာတ်ကား တွေကို ခွင့်မပြုဘူးလို့ ပြောတာပါ။ သမိုင်း ဖော်ပြတာတွေ နဲ့ ဂုဏ်ပြု ဇာတ်လမ်း တွေဆို ခွင့်ပြုပါတယ်။ တချို့က သင်္ချိုင်းမှာ မင်္ဂလာ ဆောင်ရိုက်တယ်။ အပျော်တမ်းတွေ ရိုက်တယ်။ ဒါတွေကို ရိုက်ဖို့ ခွင့်မပြု ပါဘူး။ မှတ်တမ်းမှတ်ရာ ဇာတ်လမ်း တွေကို ခွင့်ပြုပါတယ် '' ဟု ၄င်းက ဆက်လက် ပြောသည်။ (ဇာညီသစ္စာ)



မြ၀တီနေ့စဉ် ၊ စာ(၆)

No comments:

Post a Comment