Pages

Wednesday, November 18, 2015

ပြင်ဦးလွင်ရှိ အေးမြချမ်းသာ ပရိယတ္တိစာသင်တိုက် အနီး မန္တလေး-လားရှိုး ကားလမ်းဘေးတွင် ဒေသန္တရလက်လုပ် မိုင်းနှစ်လုံးတွေ့ရှိ



နေပြည်တော် ၊ ၁၈-၁၁-၂၀၁၅

မန္တလေးတိုင်း ဒေသကြီး၊ ပြင်ဦးလွင်မြို့၊ ရပ်ကွက်ကြီး(၉)၊ အေးမြချမ်းသာ ပရိယတ္တိ စာသင်တိုက် အနီး မန္တလေး- လားရှိုး ကားလမ်း မိုင်တိုင်(၃၉/၄) နှင့် (၃၉/၅) ကြား၌ Oriental High Way Co., Ltd. မှ အလုပ်သမားများ သည် လမ်းဘေးရှိ ချုံနွယ်များ ရှင်းလင်းစဉ် ကားလမ်းဘေး ယာဘက် ၅ ပေခန့်အကွာ ချုံအတွင်းမှ မိုင်းနှစ်လုံး တွေ့ရှိသဖြင့် ရပ်ကွက် အုပ်ချုပ်ရေးမှူး ထံ သွားရောက် သတင်းပေးပို့ ခဲ့သည်။

ထို့ကြောင့် ပြင်ဦးလွင် တပ်နယ်နှင့် နယ်မြေခံ စစ်အင်ဂျင်နီယာ တပ်မှ တာဝန်ရှိသူများ၊ ရဲတပ်ဖွဲ့ ဝင်များက ၄င်းနေရာသို့ သွားရောက် စစ်ဆေးရာ အလျား ၇ လက်မခွဲ၊ အချင်း ၁ လက်မကျော်ရှိ ဂျပ်စက္ကူ ပေါ်တွင် အနီရောင် တိပ်ဖြင့် ပတ်လျက် ပြုလုပ်ထားသည့် ဒေသန္တရ လက်လုပ်မိုင်း အတုနှစ်လုံးအား တွေ့ရှိရပြီး အလုပ်သမားများ ချုံခုတ်ရာမှ ပေါက်ပြဲလျက် ရှိကြောင်း သိရှိရသည်။

ယင်း ဒေသန္တရလုပ်မိုင်း များတွင် လျှပ်စစ် စနက်တံနှင့် အစပျိုးမှု ခလုတ်ပိုင်း တပ်ဆင်ထားခြင်း မရှိကြောင်း၊ ဝါယာကြိုးများ ကိုလည်း စနစ်တကျ ဆက်သွယ် တပ်ဆင်ထားခြင်း မရှိကြောင်းနှင့် စနက်တံနှင့် ခလုတ်ပိုင်းကို လိုအပ်သည့် အချိန်တွင် တပ်ဆင်၍ ပြည်သူလူထု အထိတ်တလန့် ဖြစ်စေရန် ရည်ရွယ်ချက်ဖြင့် ပြုလုပ်ထားခြင်း ဖြစ်နိုင်ကြောင်း သိရှိရပြီး သိမ်းဆည်း ရမိသော မိုင်းအတုများအား နယ်မြေခံ စစ်အင်ဂျင်နီယာတပ် မှ လုပ်ထုံးလုပ်နည်း နှင့်အညီ ဖောက်ခွဲဖျက်ဆီး သွားမည် ဖြစ်ကြောင်း သိရှိရသည်။ (၁၀၀)

မြ၀တီနေ့စဉ် ၊ စာ(၁၄)

#Themyawadydaily

No comments:

Post a Comment