Pages

Friday, November 13, 2015

Comcast ၏ အကောင့်နှစ်သိန်းကျော် တိုက်ခိုက်ခံရ



ဝါရှင်တန် ၊ ၁၃-၁၁-၂၀၁၅

အမေရိကန် ပြည်ထောင်စု၏ အင်အား အကြီးမားဆုံး ဆက်သွယ်ရေး ကုမ္ပဏီ Comcast ကော်ပိုရေးရှင်းမှ အသုံးပြုသူ နှစ်သိန်းခန့် တို့၏ အကောင့်ကို ကြားဖြတ် ဖောက်ဝင် တိုက်ခိုက်ခြင်း ခံနေရသည်ကို တွေ့ရှိ ခဲ့ပြီးနောက် အသုံးပြုသူများ အနေဖြင့် မိမိတို့၏ အကောင့်များကို လျှို့ဝှက်နံပါတ် ပြောင်းခြင်း၊ လိုအပ်လျှင် Reset ပြုလုပ်ခြင်း တို့ကို ၄င်း ကော်ပိုရေးရှင်း က မလုပ်မနေရ လုပ်စေခဲ့ကြောင်း သိရသည်။

''လွန်ခဲ့တဲ့ ရက်သတ္တပတ်ရဲ့ စနေ၊ တနင်္ဂနွေနေ့ တွေမှာကျွန်တော်တို့ Comcast အသုံးပြုသူ နှစ်သိန်းခန့်ရဲ့ အကောင့်ကို ဟက်ကာများက ထိုးဖောက် ဝင်ရောက်ပြီး သတင်း အချက်အလက် တွေ ခိုးယူနေတာကို သတိထားမိခဲ့ ပါတယ်။ အဲဒီလို သတိထား မိတာနဲ့ ကျွန်တော်တို့ ကုမ္ပဏီ ဘက်ကလဲ လိုအပ်တဲ့ လုံခြုံရေး ကိစ္စတွေကို ချက်ချင်း ဆောင်ရွက်သလို အသုံးပြုသူတွေ ကိုလဲ Password မပြောင်း မနေရ ပြောင်းခိုင်းခဲ့တာ ဖြစ်ပါတယ်။

တိုက်ခိုက်မှု ခံရတဲ့ အကောင့်တွေဟာ အီးမေးလ် လိပ်စာနဲ့ လျှို့ဝှက်နံပါတ် တွေကို အခိုးခံရပြီး ဟက်ကာတွေက အဲဒီ အီးမေးလ်နဲ့ လျှို့ဝှက် နံပါတ်တွေကို မှောင်ခို အွန်လိုင်း စာမျက်နှာမှာ အရောင်းအဝယ် လုပ်ကြပါတယ်'' ဟု သုတေသီ တစ်ဦးက ပြောပြသည်။

၎င်းမှောင်ခို အင်တာနက် စာမျက်နှာသည် အများ ပြည်သူသုံး အင်တာနက် ကွန်ရက်ကို အသုံးပြုခြင်း မဟုတ်ဘဲ အထူးပြုလုပ် ထားသည့် ဆော့ဖ်ဝဲဖြင့်သာ အသုံးပြု နိုင်သော စာမျက်နှာ ဖြစ်ကြောင်း၊ မှောင်ခိုပစ္စည်းများ ရောင်းဝယ်ရန် အတွက် ၄င်းဆိုက်မျိုးကို အသုံးပြု တတ်ကြသည်။

ယခုအခါ ဟက်ကာများက ၄င်းတို့ ခိုးယူ ရရှိထားသော အီးမေးလ်လိပ်စာနှင့် လုံခြုံရေး နံပါတ်ပေါင်း ၅၉ဝဝဝဝ ကိုဒေါ်လာ ၁ဝဝဝဖြင့် လိုက်လံ ရောင်းချရာမှ Comcast က သတိပြုမိ သွားပြီး မိမိတို့၏ ကုမ္ပဏီ ကြားဖြတ် တိုက်ခိုက်ခံ နေရသည်ကို သိရှိသွားကာ ဖော်ပြပါအတိုင်း အရေးယူ ဆောင်ရွက်နေခြင်း ဖြစ်ကြောင်း သိရသည်။

''သူတို့ ဒေါ်လာ ၁ဝဝဝ နဲ့ အီးမေးလ် အကောင့် ၅၉ဝဝဝဝ ကို ရောင်းနေတော့ သင်္ကာမကင်း ဖြစ်ပြီး စစ်ဆေးခဲ့ရာမှာ အခုဖော်ပြပါ အတိုင်း အချက်အလက်တွေ အခိုးခံနေ ရတယ်ဆိုတာ ပေါ်လွင် လာတာပါ'' ဟု သုတေသီ တစ်ဦးက ရှင်းပြ၍ သိရသည်။

#Yadanarpondaily

No comments:

Post a Comment